part-18

828 57 1
                                    


__________________________________________
"သမိီး..!အရမ်းကြီးမပြင်ပေးနဲ့နော်။အန်တိီချွေးမလေးက ဒါတွေနဲ့နေနေကျမဟုတ်တော့သူနေရကျပ်မှာဆိုးလို့။ပါးပါးကြည်ကြည်လေးပဲ"

"ဟုတ်ကဲ့ပါအန်တီရဲ့! ညီမ​လေးကိုကြည့်လှရုံလောက်ပဲပြင်ပေးမှာပါရှင်"

ထားမျက်နှာကိုပြင်ဆင်ချယ်​သပေးတဲ့အစ်မကအန်တီကို​ပြန်ပြောပြီးထားကို ဆက်လိမ်းချယ်ပေးနေလေသည်။အန်တီကတော့အရင်လိမ်းလိုက်တာဖြစ်တာကြောင့် အရွယ်တင်သူပီပီအသား​ရည်ကောင်းသူပီပီအန်တီမျက်နှာမိတ်ကပ်သားညက်ပြီးဝင်းလဲ့နေတာတော့အမှန်။

"မျက်တောင်တုမတပ်ပေးတော့ဘူးနော်ညီမလေး!ကော့ရုံပဲကော့ပေးထားမယ် "

"ဟုတ်ကဲ့"

"အွင်း..!ဆံပင်လေးတွေကိုဘယ်လိုလုပ်ချင်လဲအန်တိီ။ချမလား ထုံးပေးရမလား"

ထိုပြင်ဆင်ပေးတဲ့အစ်မက အန်တီကိုလှမ်းမေးတော့အန်တီကလက်ဝတ်ရတနာတွေဝတ်ဆင်နေရာက ထားနားပြန်လာပြီးမျက်နှာပြင်ဆင်ထားတာကိုတစ်ချက်ကြည့်သည်။

"အောက်ဖျားလေးတွေကောက်စက်နဲ့ကောက်လိုက်ပြီး ဘေးနှစ်ဖက်ကဆံပင်အနည်းငယ်ယူပြီးနောက်မှကလစ်နဲ့ညှပ်လိုက်သမီး။ပြီးရင်ရှေ့ညာဘက်ကိုဆံပင်နည်းနည်းချပေးထားသမိီး"

"ဟုတ်ကဲ့ နားလည်ပါပြီအန်တီ"

အန်တီက ထားကိုပြုံးပြပြီးသူ့ကုတင်ဘက်နားပြန်သွလေသည်။ဝတ်ထားရတာမြန်မာဝမ်းဆက်ဆိုပေမဲ့ အရမ်းကြီးကောင်းလွန်းနေတဲ့ပိုးဝမ်းဆက်မလို့ ထားမှာနှမြောတသနဲ့ဝန်လေးမိ၏။ပြီးတော့ပြင်ဆင်ချယ်သနေတာကြောင့်ပါ တကယ်ကိုဝန်လေးနေမိရတာ။

"လှလိုက်တာ..! လာ ဒါလေးဆွဲပေးမယ်"

အန်တီက သူကိုယ်တိုင်ထားလည်တိုင်မှာအစိမ်းရောင်ကျောက်လည်ဆွဲတစ်ကုံးဆွဲပေးလာခဲ့လေသည်။ပြင်ဆင်ပေးတဲ့အစ်မက ထားပုလဲနားကပ်ကိုဖြုတ်ပြိီးလည်တိုင်မှာရှိနေတဲ့လည်ဆွဲနဲ့ဆင်တူကျောက်နားကပ်ကိုဝတ်ပေးနေလေသည်။

ပြီးတော့လက်လပ်လက်စွပ်ဘေးမှလက်ခလယ်ကိုပါ အဲ့ဒီအစိမ်းရောင်ကျောက်လက်စွပ်ပါဆင်ပေးလာလဲ့လေသည်။

စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်Where stories live. Discover now