__________________________________________
"မမထား!ကျတော်ဘာလုပ်ကူပေးရအုံးမလဲဗျ"စောစောစီးစီးရောက်ချလာပြန်တဲ့သူကြောင့်ထားမျက်မှောင်လေးကြုတ်ရင်း။
"ဘာလာလုပ်ပြန်တာလဲမင်းက!သုတတို့အိမ်မှာအလုပ်ရှုပ်နေကျမှာသိရဲ့နဲ့မကူပဲဒီကိုလာပြန်ပြီ"
"မမထားကလည်း!ကျတော့်ကိုဆိုပြောဖို့ကြည့်ပဲ။သုတတို့ကိုလည်းလုပ်ကူပါတယ် ခုကသုတကဟိုဘက်ရွာကိုထမင်းပေါင်းစက်ဆိုလားသွားယူနေလို့ မမထားဆီခဏလာတာပါ"
"အင်း ဒီချိန်ဆိုပြန်ရောက်နေလောက်ပြီ!ပြန်ပြီလုပ်ကူစရာရှိတာကူပေးလိုက်။မရောက်သေးလည်းမင်းလုပ်တတ်တာတွေလုပ်ကူထားပေးလိုက်ပေါ့"
"အာ..မမထားကလည်းဗျာ!ကျတော့်ကိုအဲ့လိုကြီးမနှင်ထုတ်ပါနဲ့ ဝမ်းနည်းတယ်ဗျ။ကျတော်လုပ်ကူပါတယ်လို့ပြောနေတာကိုမမထားကမယုံသက်ာနဲ့ဗျာ"
ယောကျ်ားကြီးဖြစ်ပြီးအသံကိုတိမ်ဝင်သွားသည်ထိပြောလာသူကြောင့်ထားမှာအံ့သြမဆုံး။
ဘာမှဆက်မပြောပဲရေသွင်းဖို့ပိုက်သွယ်တော့လည်းထားလက်ထဲကရေပိုက်တွေကိုအတင်းဆွဲယူပြီး သွားထိုင်နေလို့ပြောပြီးသူ့သူတွေဝင်လုပ်နေပြန်သည်။"မမထား! ပြီးရင်ပန်းညှပ်ပေးရအုံးမလား"
"ရတယ်ထိုက်!အစ်မဟာအစ်မလုပ်မှာမလို့မင်းပြန်.."
"လုပ်ပြန်ပြီ ပြန်ကြည့်ပြန်ခိုင်းနေတယ်!မမထားကျတော့်ကိုတကယ်အမြင်မကြည်ဖြစ်နေခဲ့တာပဲလား။ကျတော်ကမမထားအမြင်မှာမမထားစိတ်ရှုပ်စိတ်ပျက် သဘောကျစရာမကောင်းလောက်တဲ့ယောကျ်ားမျိုးအဖြစ်တည်ရှိနေတာလားဟင်မမထား"
ထား မှာပြန်ပြောစရာစကားတို့ရှာမတွေ့သေးပေ။ဘာကြောင်းမှရယ်ဆိုတာမတွေးတတ်ပေမဲ့ မဖြစ်နိုင်ဘူးဆိုတဲ့အသိသာရှိနေတာကြောင့်ထား ဒီကောင်လေးဖွင့်ပြောထားတာကိုငြင်းဆန်ပြီးရှောင်ဖယ်နေခဲ့သည်မလား။
"အစ်မအလုပ်လုပ်အုံးမယ်ထိုက်!ပြန်တော့ လုပ်စရာရှိတာလုပ်ကူလိုက်အုံး"
"နေအုံးမမထား! ကျတော်မေးတာဖြေပေးပါ။မမထား ပြောပါ မမထားအကြိုက်ကိုပြောပါ!ကျတော်ပြင်ဆင်ပြီးနေပေးပါ့မယ် မမထားအကြိုက်ကိုလိုက်နာပေးလိုက်နေပေးမှာမလို့ကျတော့်ကိုဒီလိုကြီးနှင်ထုတ်တာတွေရှောင်ထွက်တာတွေမလုပ်ပါနဲ့လား"
YOU ARE READING
စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်
Romance"မမထား! မမထားဆီကကောင်းသောအဖြေပဲကြားချင်တယ်။ကျတော်မျှော်မှန်းထားတဲ့အဖြေပြန်မရရင်မမထားကို ခိုးပြေးမှာနော်"