part-17

792 54 0
                                    


__________________________________________
"သမီး..!နေမကောင်းဘူးလား"

အန်တီအမေးကြောင့် ထားခေါက်ဆွဲသုတ်ဖို့ပြင်နေရာကနေအသံလာရာဆီကြည့်၍ခေါင်းရမ်းပြလိုက်လေသည်။

"ကောင်းပါတယ်အန်တီ"

အန်တီကဘာမှဆက်မပြောပဲထားရှိရာဆီလာပြီးထားနဖူးပေါ်လက်တင်ကာစမ်းကြည့်သည်။

"ကိုယ်တွေနွေးနေတာပဲသမိီးရဲ့"

"အာ..ဟုတ်!နည်းနည်းနေလို့မကောင်းတာပါ"

"အေးအေး..!ဟိုကောင်လေးကိုဖုန်းဆက်အုံးမှပဲ။သမီးနေမကောင်းတာကိုအပြင်ထွက်သွားသေးတယ်"

"မဆက်ပါနဲ့အန်တီ။သူအလုပ်ရှုပ်နေပါမယ် ခဏနေအန်တီနဲ့သွားမှထားဆေးထိုးလိုက်ပါ့မယ်"

"အေးအေး! အန်တိီအဝတ်စားလဲပြင်ဆင်အုံးမယ်။သမီးကော အဝတ်စားလဲနှင့် ဒါတွေကဘာတွေလဲ"

အန်တီက ထားသုပ်နေတဲ့ခေါက်ဆွဲသုပ်တွေကိုလှမ်းကြည့်ကာ​မေး၏။

"မဝါတို့နဲ့ခြံစောင့်တွေကိုသုပ​်ကျွေးနေတာပါအန်တီ။ အန်တီကောစားမယ်ဆိုထားသပ်သပ်သုပ်ပေးမယ်နော်"

"အေးအေးအန်တီအတွက်အစပ်လေးလျှော့ပေးနော်သမီး။အန်တီထွက်လာမှစားတော့မယ်"

ထားခေါင်းငြိမ့်ပြလိုက်လေသည်။အန်တီပြန်ထွက်သွားပြီးနောက်ထား သုပ်စရာရှိတာသုပ်ပြီးမဝါတို့အတွက်ပေးပြီး အန်တီအတွက်အစပ်လျှော့ကာတစ်ပွဲထပ်သုပ်ပေးလိုက်လေသည်။ပြီးတာနဲ့ ​လက်ဆေးသန့်ရှင်းပြီးအပေါ်တက်လာခဲ့လိုက်သည်။

လည်ပင်းတွေရင်ညွှန့်တလျှောက်မြင်မကောင်းအောင်ရဲတွတ်နေတဲ့အကွက်ကွက်တွေကြောင့် အကျီ်ကိုကော်လံပါတဲ့ရင်ဖုံးလေးရွေးဝတ်လိုက်လေသည်။

မနက်က ငိုထားတဲ့အရှိန်ကြောင့်မျက်နှာတွေကမို့ဖေင်းနေတာကြောင့် လက်ကလေးနဲ့မျက်နှာကိုအသာဖိဖိချမိလေသည်။

ဘာတွေစိတ်ဆိုးမှန်းမသိလူကိုကြမ်းရမ်းသွားပြီး ထွက်သွားလိုက်တာ ခုချိန်ထိဖုန်းလည်းမဆက်လူလည်းပြန်မလာပေ။

တကယ်ကိုထိုက်ကဆိုးတာ။
။ ။
ရှေ့တည့်တည့်မှဘိလိယက်ထိုးနေတဲ့လူကို
ကြည့်၍ ဘုဏ်း​ဇေယျာကျော်နဲ့ထွဋ်ဥိီးလှိုင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍မျက်စပြစ်မိလေသည်။

စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်Where stories live. Discover now