part-4

827 13 0
                                    


__________________________________________
"အန်တီလေး..!ကျတော်အန်တီလေးတို့ပြန်ရင်ပြန်မလိုက်ဖြစ်လောက်တော့ဘူးဗျ"

မနက်စာစားဝိုင်းမှာ သုတ ထပြောလိုက်သည့်စကားကြောင့်လူကြီးတွေအကုန်သုတဆီအကြည့်ရောက်လာကျလေသည်။တစ်ယောက်သောသူကတော့ သိနေပြီးသားဖြစ်တာကြောင့်ပြုံးပြုံး ပြုံးပြုံးနဲ့သာကော်ဖီသောက်နေလေသည်။

"ဘာလို့လဲသားရဲ့!ပြောတော့အန်တီ​လေးတို့ပြန်တာနဲ့ပြန်လိုက်မှာဆို"

"အာ..ဟုတ်တယ်ဗျ!ဒါပေမဲ့ ကျတော်ရွာရောက်တုန်းလေးအေးအေးဆေးဆေးနားချင်တာကြောင့်ပါအန်တီလေးဗျ။နောက်ပြီး ကျတော်တို့အဒေါ်ရဲ့အလှူလည်းရှိနေတော့ အလှူတွင်းရှိချင်လို့ပါအန်တီလေး"

"အော်..အေးအေး!ရပါတယ်သားရဲ့။မင်းကပြန်လိုက်မယ်ပြောလို့သာပါ။မင်းနားချင်တယ်ဆိုရင်အေးအေးဆေးဆေးနားနေခဲ့လို့ရတယ်နော်"

သုတကခေါင်းငြိမ့်ပြလိုက်လေသည်။

"အမေ..!သုတပြန်မလာသေးရင်ကျတော်လည်းဒီမှာကျန်ခဲ့မယ်"

ထိုက်ကပါထပြောလိုက်တဲ့စကားကြောင့်တခါထိုက်ဆီကိုအကြည့်ရောက်လာကျတော့သည်။

"မင်းကဘာလုပ်မလို့လဲဟေ့ကောင်ရ!ဟိုမှာမင်းဆိုင်ခွဲကမင်းထိုင်မှရမှာကို"

အဖေဖြစ်သူထပြောလိုက်တဲ့စကားကြောင့် ထိုက်မျက်နှာရှုံ့မဲ့ရင်း။

"ဘာမှမဖြစ်ဘူး​အဖေ !ရဝေတို့နဲ့လွှဲထားလို့ရတယ်။ခါတိုင်းလည်းစစ်ရက်တွေလောက်ပဲကျတော်သွားတာကို"

"ဟ ဟုတ်မလားကွ!ဖွင့်ထားတော့ကျအရက်ဆိုင်လိုလိုဘာလိုလိုဖွင့်ထားပြီး ပြစ်ထားလို့ရတဲ့ဆိုင်မဟုတ်ဘူးထိုက်။ပြန်လိုက်ခဲ့ ပြန်မလိုက်ချင်ဒီမှာပဲတသက်လုံးနေခဲ့ သုတပြန်လာလည်းလိုက်မလာနဲ့"

"နေမယ် ဒီမှာပဲတသက်လုံးနေမှာမလို့ဒီကောင်ပြန်သွားလည်းမလိုက်ဘူးဗျာ"

"ဟာ..ဒီကောင်တော့"

ထမင်းစားပွဲမှာသားအဖနှစ်ယောက်တတွတ်တွတ်နဲ့စကားများကျတော့မှာဆိုး၍အန်တီလေးကသုတကိုမျက်စပြစ်ပြပြီး ထိုက်ကိုခေါ်သွားဖို့အချက်ပြလေသည်။

စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်Where stories live. Discover now