__________________________________________
"ဘာတဲ့လဲအမေက"အမေ့ဆီကဖုန်းကျသွားပြီးတဲ့နောက် ထိုက်ကထားပုခုံးပေါ်မေးတင်ထားရာက ဖယ်သွားလေရင်းမေးလာခဲ့လေသည်။ပုခုံးပေါ်မေးတင်တာဖယ်သွားပေမဲ့ခါးပေါ်ကလက်တွေကိုတော့ဖယ်မချသေးပေ။
"အင်း ဘာရယ်မဟုတ်ပါဘူးဟိုဟိုဒီဒီပါ"
"ဟုတ်လို့လား!မောင်ကြားလိုက်တာ နေမင်းသူဘာဖြစ်လို့ဆိုလားလို့"
ထိုက် မေးတော့မမထားကမျက်နှာမသာမယာနှင့်ခေါင်းညိတ်ပြသည်။
"ကိုနေမင်းသူက မိန်းကလေးတစ်ယောက်ကိုအတင်းအဓမ္မစော်ကားလို့ဆိုပဲ။မိန်းကလေးက မြို့ကနေရွာဘက်အလည်လာတဲ့သူဆိုလားပဲ"
"သြော်..ဟုတ်လား!ဟွန်း..အဲ့ကောင်မထင်ရဘူးနော်မမထား။ ခုကော ဘယ်လိုဖြစ်သွားပြီတဲ့လဲ"
"ကောင်မလေးဘက်ကထောင်ကျမယ်ပဲလုပ်နေတယ်တဲ့!ဒါပေမဲ့ ငွေနဲ့ညှိမယ်ထင်တယ် သူတို့ကပိုက်ဆံရှိတော့လေ"
"သြော်..!အွင်းအွင်း..။ ဒါဆို မမထားတို့ရွာမှာသူတော်တော်နာမည်ကြီးနေတာပေါ့"
"အင်း ရွာချင်းမတူပေမဲ့ သူကရွာအဝင်ထွက်ရှိတော့ ပြောတော့ပြောနေကျမှာပေါ့"
"အာ..!အင်း။မမထားကံကောင်းလို့ပေါ့ အဲ့လိုကောင်မျိုးနဲ့မရတာ "
ထိုက်ပြောတော့ မမထားကခေါင်းသာတစ်ချက်ညိတ်ပြပြီး တွေတွေလေးစဥ်းစားနေပုံရသည်။သူ့အတွေးထဲ ဘယ်လိုတွေးနေမလဲဆိုတာထိုက်သိချင်သည်။သို့ကြောင့်..
"မမထား..!ဘာတွေးနေတာလဲ။အဲ့ကောင်လုပ်ရပ်အပေါ်တွေးနေတာလား"
"အင်း! ကိုနေမင်းသူကအဲ့လိုလူမျိုးမဟုတ်ဘူးထင်ခဲ့တာ။သူကရည်းစားရှိခဲ့တာတွေသိပေမဲ့ဒီလိုမျိုးမိန်းကလေးတစ်ယောက်ကိုအတင်းအဓမ္မဆိုတာက တမျိုးပဲ"
"အော်..မမထားရာ!အဲ့ကောင်စရိုက်ကျမှန်း မောင်တို့မဂ်လာဆောင်နေ့ထဲပဲလေ။ ဟွန်း..အဲ့လိုကောင်အဲ့တာနဲ့ပဲတန်ပါတယ် မောင်ကတော့သူဒီလိုဖြစ်တာဝမ်းသာသလိုပဲ"
ထိုက်ပြောတော့မမထားကမကြိုက်သလိုလေးမျက်မှောင်ကြုတ်ပြသည်။
YOU ARE READING
စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်
Romance"မမထား! မမထားဆီကကောင်းသောအဖြေပဲကြားချင်တယ်။ကျတော်မျှော်မှန်းထားတဲ့အဖြေပြန်မရရင်မမထားကို ခိုးပြေးမှာနော်"