Uni
💟အချစ်အမုန်းညီမျှခြင်း💟
💟အပိုင်း ၃💟
အတိတ်တွေ မတွေးချင်ပေ။ မတွေးပါဘူးဟု ဆုံးဖြတ်ထားသော်လည်း အကြောင်းအရာတိုက်ဆိုင်လာတိုင်း တွေးမိပြန်ပါသည်။ လွမ်းတာကို နာတာနှင့် ဖြေဆိုသော်လည်း သူကို သူမ မလွမ်းချင်တော့ပေ။ နာကျင်ရပေါင်းများ၍ ထပ်ပြီး နာကျင်စရာ မရှိတော့ဘူး ထင်ပ။
ပါးပြင်ပေါ်သို့ ကျလာသော မျက်ရည်က နာကျင်ရလွန်း၍ ထပ်မကျချင်တော့ဘူး ထင်ပ အဟွန့်။
"ဟယ် တီတီ"
ဝသာန် အိမ်ထဲသို့ ဝင်လာသော တီတီကို တွေ့ လိုက်ရသဖြင့် လှေကားထစ်တွေမှ ပြေးလွှားဆင်းခဲ့လိုက်လေသည်။
"မားမားရေ တီတီလာတယ်"
အဒေါ်ဖြစ်သူကို တွေ့တော့ ကလေးပေါက်စလေးလို အဒေါ်အား ပြေးပြီးပွေ့ဖက်လိုက်သူက ဝသာန်ပင်။
"ဝသာန်က တီတီကို သတိရနေတာ"
"တီတီကလဲ ဝသာန်လေးကို သတိရနေတာပါနော်"
"ဟယ် မမလာတယ်၊ သားသားရော မမ"
"သားသားက ကျောင်းတက်တယ်လေ၊ ဝသုန်ကို မမပြောစရာရှိလို့ လာခဲ့တာ"
"အင်း မမ ၊ အိမ်ရောက်ရင် ထမင်းစားပြီးမှ ပြန်လေ"
"အင်းပါ၊ ဒါနဲ့ ကိုမင်းစက်ရော"
"ဦးက ကုမ္ပဏီ သွားတယ် မမ"
ဝသုန် ဆိုဖာပေါ် ဝင်ထိုင်ရင်း ပြောတော့ မေမိုး ဝသုန်အရှေ့တွင် ဝင်ထိုင်လိုက်လေသည်။
"သမီး အပြင်ခဏသွားဦးမယ် မားမား"
"ဘယ်သွားမှာလဲ ဝသာန်"
"အဟီး ဝသာန် သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ခဏပဲ မားမား ပြန်လာမှာ"
မျက်နှာချိုသွေးကာ အပြင်သွားရန် ပူဆာနေသော ဝသာန် ကို ဝသုန် တစ်ချက်ကြည့်ပြီး
"ပါးပါး ပြန်မလာခင် ပြန်လာခဲ့နော်၊ ပါးပါး အကြောင်း သိတယ်မဟုတ်လား"
"ဟုတ် မားမား အဲ့ဒါဆို ဝသာန်သွားတော့မယ်"
"အင်း"