Uni
💟အချစ်အမုန်းညီမျှခြင်း💟
💟အပိုင်း ၂၀💟
သားဖြစ်သူထံမှ ခင်ပွန်းဖြစ်သူ ဦးမင်းလူ၏ အကြောင်းကို ကြားလိုက်ရလေတော့ သူမ ကမ္ဘာပြိုလုမတက်ပင်။
"ဖြစ်မှဖြစ်ရလေ အစ်ကိုရယ်"
"သား"
တိုးတိတ်သော မိခင် ခေါ်သံနှင့် အတူ သူ့လက်ကို ထွေးဆုတ်လာသော မိခင်။ သူ့ မိခင်ဖြစ်သူကို ကြည်ကြည်လင်လင်ပြုံးကာ ကြည့်လိုက်ပြီး
"အမေကို သား အမြဲစောင့်ရှောက်ပါရစေ၊ သားနဲ့ ပြန်လိုက်ခဲ့ပါနော် အမေ"
"သားရယ်"
သားမိနှစ်ယောက် လွှတ်ထွက်သွားမည့် အလား တစ်ဦးကို တစ်ဦး ပွေ့ဖက်ထားမိလေသည်။
မေမိုး နှင့် ဇွဲလေးလည်း ထိုမြင်ကွင်းကို ကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလိုက်မိလေသည်။
မုန်တိုင်းတွေ ပြီးရင် လေပြေလေအေးတွေ လာစမြဲမို့ ထိုလေပြေလေအေးလေးတွေ အမြဲတည်တံ့အေးမြပါစေ ရင်တွင်းဆုတောင်းရင်း~~~~။
💟💟💟တိတ်ဆိတ်ငြိမ်သက်သော သစ်ပင်အရိပ်တစ်ခုအောက်မှာ အတွေးကိုယ်စီဖြင့် ထိုင်နေကြသူ နှစ်ဦး။ ထိုနှစ်ဦးက မေမိုးဝသုန် နှင့် သျှားညိုပင်။
"သျှား နင် ငါ့ကို ဒီကို ခေါ်တာ ဘာကိစ္စလဲ"
သျှား သူမကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး
"အရာရာအားလုံး အသစ်က ပြန်စခွင့် ရရင် ပြန်စချင်ပါတယ်၊ ကျွန်တော် ဘဝတစ်ခုလုံး နောင်တတွေနဲ့ ဆက်ပြီး မရှင်သန်ချင်ဘူး အစ်မ"
"အဟွန့်"
မေမိုး နှုတ်ခမ်းပါးလေးကို တွန့်ရုံပြုံးလိုက်ပြီး
"အရာရာအားလုံး အသစ်က ပြန်စကြမယ် ဟုတ်လား သျှားညို၊ အသစ်က ပြန်စမယ်ဆိုတဲ့ စကားလုံးက သိပ်ကို လွယ်တာ၊ ဒါပေမယ့်ပေါ့လေ၊ မေမိုးဝသုန် ဆိုတဲ့ မိန်းမတစ်ယောက်ရင်တွင်းက ၁၅ နှစ်လုံးလုံး ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေက သာမာန်ဖြစ်ရိုးဖြစ်စဥ် မဟုတ်ဘူး သျှားညို၊ သေချာတာတစ်ခုက ငါ့ရင်ထဲက ဒဏ်ရာဟောင်းတွေ အနာမကျက်သေးဘူး သျှားညို"