Uni
💟အချစ်အမုန်းညီမျှခြင်း💟
💟အပိုင်း ၈💟
"အမေ အမေ"
ခြံဝိုင်းထဲ ဝင်လာကတည်းက မိခင်ကိုအော်ခေါ်နေသူက ဇွဲပင်။
"ဘာဖြစ်လာတာလဲ သားရယ်၊ အမေက ဒီမှာလေ"
ဒီကနေ့ လက်စသပ်အပ်ရမည် ဖြစ်သော အင်္ကျီလေးကို လက်ချုပ်လိုက်ရင်း အိမ်ပေါ်တက်လာသော သားကို မေမိုးလှမ်းအော်လိုက်လေသည်။
ဇွဲလေး အမေကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
"အမေကလဲ အလုပ်တွေ သိပ်မလုပ်ပါနဲ့ဆို"
ထုံစံအတိုင်း ပျစ်တောက်တောက်ပြောတော့မည့် သားကြောင့် မေမိုး ပြုံးလိုက်ပြီး
"အမေတို့ သားမိက လက်လှုပ်မှ ပါးစပ်လှုပ်ရမှာ သားလဲ သိရဲ့နဲ့ကွယ်"
ဇွဲလေး အမေ အရှေ့မှာ ဝင်ထိုင်လိုက်ပြီး
"ဒါတော့ ဒါပေါ့ အမေရယ်၊ သားလဲ အရွယ်ရောက်နေပြီ၊ သားလဲ အလုပ်လုပ်နိုင်နေပြီပဲ"
"အို မလုပ်ရပါဘူး"
"အဲ့ဒါတော့ မမိုက်ဘူး အမေရာ"
၁၀တန်းအောင်ပြီးကတည်းက ဘာအလုပ်မှ မလုပ်ရသလို အမေ လုပ်စာထိုင်စားနေတာဟု ပြောနေကြသော လူတွေရဲ့ ကဲ့ရဲ့မှုကို ဇွဲလေး မခံစားနိုင်ပေ။
မေမိုး သူမကို စိတ်ကောက်သွားသော သားကို ကြည့်ကာ ပြုံးလိုက်ပြီး
"သားကလဲကွာ ကလေးကျနေတာပဲ၊ အမေကို ဆိုးနေတယ်"
"သားက ဆိုးတာမဟုတ်ဘူး၊ အမေက ဆိုးနေတာ၊ ခြေကောင်းလက်ကောင်း အသက်က ၂၀ ပြည့်တော့မဲ့သားကို ကလေးလို့ မြင်ပြီး ဘာအလုပ်မှ မခိုင်းတဲ့ အမေကမှ ဆိုးတာ"
"အမေသားကတော့ကွာ ၊ ကဲ သားက အလုပ်လုပ်ချင်တယ်ပေါ့"
"ဟုတ်"
"အဲ့ဒါဆို သား ဦးမင်းစက်ကို အမေပြောပေးမယ်၊ အခြားနေရာမှာတော့ အမေ စိတ်မချဘူး သားကို"
"တကယ်လား အမေ"
"ပျော်လိုက်တာ အမေရာ"
အမေကို ဖက်ကာ ကလေးငယ်လေးလို ပျော်မြူးနေသော သားကို ကြည့်ပြီး သူမလဲ ပျော်ရပါသည်။