Uni
💟အချစ်အမုန်းညီမျှခြင်း💟
💟အပိုင်း ၆💟
မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးပြီး ထမင်းစားနေသော သားတော်မောင်ကို သျှား တစ်ချက်ကြည့်ပြီး ပြုံးလိုက်မိလေသည်။ ဒီကောင်လေးက သူ့ငယ်ငယ်ကတည်းက အတိုင်းပင်။ ဂျစ်ကန်ကန်ပုံစံနှင့် မဟုတ်မခံပုံလေးက သူ့မျက်ဝန်းထဲ စွဲနေလေသည်။ လက်ထဲမှ ကိုင်လာသော ဟင်းထုတ်လေးနှင့် ကလေးအရှေ့ ခုံလေးမှာ ဝင်ထိုင်လိုက်ပြီး
"သျှားပြည့်ဇွဲ"
ခေါ်သံကြောင့် ဇွဲလေး မော့ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်မိလေသည်။
"ဒီဟင်းတွေ မင်းစားဖို့ ဆရာယူလာတယ်"
ခုံပေါ် ချပေးလိုက်သော ဟင်းချိုင့်လေးကို တွန်းဖယ်လိုက်ပြီး
"မလိုပါဘူး ဆရာ၊ ကျွန်တော် သူများပေးတာ အလကားမစားတတ်ဘူး၊ အမေ ချက်ပေးတဲ့ ဟင်းနဲ့ ပဲ အဆင်ပြေပါတယ်"
စကားအဆုံးတွင် ထမင်းကို အရှိန်မပျက်ထိုင်စားနေသူက သျှားပြည့်ဇွဲ ဆိုသော သူ့၏ သားပင်။
"မင်းကလေ တကယ်အချေပဲကွာ"
စိတ်ထဲမှာ ရေရွတ်ပြီး ခေါင်းကိုသာခါယမ်းလိုက်မိလေသည်။
"ဟူး~~~ သျှားညိုရေ မင်းကတော့ ဒီမာနရှင် သားမိနဲ့ နီးစပ်ဖို့ အတော်ကြိုးစားရဦးမှာပဲ"
မိမိရဲ့ ထင်ရာအတိုင်း လျှောက်လုပ်ခဲ့သည့် အကျိုးဆက်ဖြစ်နေ၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ အပြစ်မဆိုချင်တော့ပေ။
💟💟💟"ကိုကို ဘာဆက်လုပ်မှာလဲ"
အိမ်စည် အမေးကြောင့် သူ စိတ်ရှုပ်စွာ စီးကရတ်ကို ဖွာရှိုက်လိုက်ပြီး
"ငါ့ မသိဘူး အိမ်စည်၊ မေမိုး တို့ သားမိက ငါ့ကို လုံးဝ မပတ်သတ်ချင်တော့တဲ့ ပုံပဲ"
အိမ်စည် ခေါင်းတဆက်ဆက်ညိမ့်ရင်း
"ဖြစ်သင့်ပါတယ်၊ ကိုကို ပေးခဲ့တဲ့ ဒဏ်ရာက မမ အတွက် ဖြေဖို့ အချိန်လိုဦးမယ်လို့ အိမ်စည်မြင်တယ်"
"ကျစ်"
သူ စုတ်တစ်ချက်ကို သတ်လိုက်ပြီး