Uni
💟အချစ်အမုန်းညီမျှခြင်း💟
💟အပိုင်း ၁၀💟
"အမေ တီလေးတို့ လာကြပြီ"
ဇွဲလေး အိမ်ရှေ့မှာ ကားရပ်လိုက်သံ ကြားသဖြင့် အမေကို အော်ခေါ်လိုက်လေသည်။
"ဇွဲလေး"
"မမ"
"ဟိုမှာတွေ့လား ဦး၊ မောင်နှမ နှစ်ယောက်အလွမ်းသယ်နေတာ"
တစ်ယောက်နှင့် တစ်ယောက် ပွေ့ဖက်လိုက်သော မောင်နှမ နှစ်ယောက်ကို ကြည့်ကာ ဝသုန် ခင်ပွန်းဖြစ်သူကို ပြောလိုက်ခြင်းပင်။
"သား နဲ့ သမီးလဲ မတွေ့တာ ကြာတော့လဲ သတိရနေကြမှာပေါ့"
အပြုံးမပျက် ပြန်ဖြေသူက မင်းစက်ပင်။
"ဇွဲလေးရယ် နင်ဟာလေ အတော်နေနိုင်တဲ့ကောင်၊ ငါ့ကို ဖုန်းတောင်မဆက်ဘူး"
"ငါဆက်တော့ရော နင်က ကိုင်မှာမို့လို့လား၊ နင့် က ကိုဘုန်းလရောင် နဲ့ အကြည့်စိုက်နေပြီး"
"ဘာလဲ နင်က ငါ့ကို ယောကျာ်းရသွားမှာ စိတ်ပူတာလား"
"ဝေးပါသေးရဲ့၊ မြန်မြန်ရသွား အေးတာပဲ"
"ကောင်စုတ် နင် နင်ဟာလေ"
"ကဲ ဒီနှစ်ယောက် ရန်ဖြစ်နေကြပြန်ပြီလား"
"မမ"
အိမ်အပြင်သို့ ထွက်လာသော အစ်မဖြစ်သူကို ဝသုန် ပြေးဖက်လိုက်မိလေသည်။
"လွမ်းလိုက်ရတာ မမရယ်"
"ကလေးလေးကျနေတာပဲ"
ညီမနှစ်ယောက် မတွေ့တာကြာပြီမို့ တစ်ယောက်ကိုယ် တစ်ယောက် ပွေ့ဖက်ကာ အလွမ်းဖြေမိကြလေသည်။
💟💟💟"သားဇွဲက တက္ကသိုလ် ဆက်မတက်ဘူးလား၊ ၁၀ တန်းမှာလဲ ဂုဏ်ထူး ပါတာလေ"
မင်းစက် သိချင်စိတ်ဖြင့် မေးလိုက်လေရာ မေမိုး သက်မနွေးနွေးကို ရှိုက်ရင်း
"ကျွန်မ ငွေစုနေတာပါ၊ သားကို ကျောင်းဆက်ထားနိုင်ဖို့လေ"
"ကျွန်တော်ကို တစ်ခုတော့ ပြောခွင့်ပြုပါ၊ ကျွန်တော် ကူညီမယ်ပြောတိုင်း မေမိုး လက်မခံခဲ့ဘူးနော်၊ ဒီ တစ်ခါတော့ လက်ခံပေးပါ၊ သားဇွဲ ကျောင်းတက်ဖို့ ကျွန်တော်ကူညီပါရစေ"