Uni
💟အချစ်အမုန်းညီမျှခြင်း💟
💟အပိုင်း ၁၅💟
သျှား ဘဝလမ်းပျောက်ခဲ့လေပြီ။ ဇနီး နှင့် သားရဲ့ စွန့်ပစ်ခြင်းကို ခံရသည့် သူတစ်ယောက်အတွက် လျှောက်သောလမ်း စမ်းတဝါးပင်။ အခုဆို ကျောင်းသွားချိန်လည်း မမှန်။ စာသင်ဆောင်မှာလည်း စိတ်ကမရှိ။ သူ့ စိတ်အစဥ်တို့က ပျက်စီးခြင်းများစွာဖြင့် ပျက်စီးခဲ့လေသည်။ စားချိန်မမှန် အိပ်ချိန်မမှန်။ သူ့ အတွက် ကြီးလေးသော နာကျင်ခြင်းတစ်ရပ်ကို အတိုးချစွာ ခံစားနေရလေသည်။
အိမ်စည် အခန်းတံခါးကို တွန်းဖွင့်လိုက်သည့်နှင့် တွေ့လိုက်ရသော် အစ်ကို ဖြစ်သူ၏ ပုံစံကြောင့် သက်ပြင်းကို ရှိုက်ကာ အခန်းထဲဝင်ခဲ့လိုက်လေသည်။
"ကိုကို"
အသံကြားတော့ ခုံပေါ်ခေါင်းမှောက်နေရာမှ မော့ကြည့်ပြီး
"ဘယ် ဘယ်သူလဲ"
အသံကြည့်တော့ အတော်မူးနေသည့် အသံ။ ခုံပေါ်ကြည့်တော့လည်း အရက်ပုလင်းနှင့် စီးကရတ်တိုတွေက ခုံပေါ်မှာ ပွကြဲလျှက်။
"အိမ်စည်"
နောက်ပါးဆီမှ ခင်ပွန်း ဖြစ်သူ၏ အသံကြောင့် အိမ်စည်လှည့်ကြည့်လိုက်ပြီး
"လာစမ်းပါဦး မောင်ရယ်၊ ကိုကို့ ကို တွဲပြီး သူ့ အခန်းထဲပို့ပေးပါဦး၊ ကိုကို့ကြည့်ရတာလေ အိမ်စည် အရမ်းစိတ်ဆင်းရဲတယ် မောင်ရယ်"
အိမ်စည် စိတ်ရှုပ်ထွေးကာ ညည်းညူလေတော့ မြတ်သော်လည်း သျှား အနားကို တိုးကာ
"အစ်ကို ညီကို တွဲနော်"
"ဘယ် ဘယ်သူလဲ"
"ကျွန်တော် မြတ်သော်ပါ"
"အော် အေး အေး"
မြတ်သော် ဆွဲထူရာ နောက်ကို ပါသွားလေသော် သျှားက ယိုင်တိယိုင်တိုင်။
"မင်းတို့ အစ်မ အစ်မ မေမိုး မေမိုးဝသုန် မရမ်း အရမ်းရက်စက်တယ် အေ့၊ မိန်းမရိုင်းကြီး တောင်းပန်တာတောင် နားလည်မပေးဘူး အေ့ ၊ သားကလည်း သားကလည်း အမေ့အတိုင်းပဲ၊ ငါ့ဆိုတဲ့ကောင်ကို ရှိတယ်မထင်ဘူး၊ အတော် အသည်းမာတဲ့ သားမိ"