29 U/Z

1.6K 12 0
                                    

Uni

💟အချစ်အမုန်းညီမျှခြင်း💟

💟အပိုင်း ၂၉💟

သူ့ပြောလာသည့် အကြောင်းအရာတစ်ချို့ကို နားထောင်ပြီး သူမ အံ့သြခဲ့ရလေသည်။
မာယာစံပယ် နှင့် ဒေါ်ထားထားခင်က ဒီလောက်ပင် သွေးအေးစွာ ရက်စက်ခဲ့သည့်တဲ့လား။ ဘုရား ဘုရား။

"မ "

ရွှန်းလဲ့နေသော မျက်ဝန်းများဖြင့် သူမကိုကြည့်ရင်း ခေါ်လာသော သူ။ သူမ သက်မနွေးနွေးကို ရှိုက်ပြီး

"ငါ့စိတ်မကောင်းဘူး၊ အမှန်တော့ ဒီပွဲမှာ ငါ့တစ်ယောက်ထဲ ခံစားခဲ့ရတဲ့ သူမဟုတ်ဘူးလေ၊ နင့်လဲ ခံစားခဲ့ရတာပဲ၊ ဒါပေမယ့် ငါတို့ ရှေ့ဆက်ဖို့ ကျတော့"

"မဖြစ်နိုင်ဘူးလို့ ပြောဦးမလို့လား၊ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော် ကျွန်တော် နောင်တတွေနဲ့လဲရှင်သန်ပြီးပြီမို့ တစ်ခါလောက်တော့ အခွင့်အရေးပေးပါလားဗျာ"

"ဟင် သျား သျှားညို"

ရုတ်တရတ် သူမအရှေ့ဒူးထောက်ထိုင်ချလိုက်သည့် ကောင်လေး၏ မျက်ဝန်းအိမ်မှာ မျက်ရည်တွေနှင့်လား။ ဒီကောင်လေး သူမ အပေါ် အရာရာအရှုံးပေးနေတာလား။ ဘာလဲ သူမ စိတ်ကို အနိုင်ယူချင်နေတာလား။ ဝေခွဲရခက်နေရသည့်ကို သူတစ်ယောက် သိမည်မထင်။

"ကျွန်တော် မှားပါတယ်၊ တစ်ကြိမ်ထဲပါ အစ်မရယ် ၊ တစ်ကြိမ်ထဲ ခွင့်လွှတ်ပေးပါ၊ ကျွန်တော် နောက်မဆိုးတော့ပါဘူး၊ ကျွန်တော် ကတိပေးပါတယ်၊ ဒီတစ်ကြိမ်ခွင့်လွှတ်ပေးပြီး ကျွန်တော်ကို အစ်မ အနားမှာ နေခွင့်ပြုပါဗျာ "

သူ့ ပါးပြင်ပေါ်စီးကျလာသော မျက်ရည်များက အတားအဆီးမဲ့စွာ။ မေမိုး သူ့ကို ဘာစကားတစ်ခွန်းမှ မဆိုလေဘဲ ရပ်ကြည့်နေမိလေ။ ဒီကောင်လေး သူမ အတွက် ငိုနေသည့်တဲ့လား။

"ကျွန်တော် တောင်းပန်ပါတယ်၊ မှားလည်းမှားခဲ့ပါတယ်၊ ပြင်ဆင်ခွင့် မရတဲ့ အမှားမျိုးကို ကျူးလွန်းခဲ့တဲ့ ကျွန်တော် အနေနဲ့ အစ်မကို တောင်းပန်ဖို့ စကားတောင် အတော်အားမွေးယူနေရတာပါ၊ ကျွန်တော် ကျွန်တော် အစ်မကို ချစ်တယ်"

အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now