Uni
💟အချစ်အမုန်းညီမျှခြင်း💟
💟အပိုင်း ၄💟
"တော်သေးတာပေါ့"
သားငယ်၏ နံဖူးလေးကို ဖွဖွလေး ပွတ်သပ်ပြီး မေမိုး ရေရွတ်မိလိုက်လေသည်။ ဆေးရုံရောက်သည့်နှင့် ဆရာ၊ဆရာမတွေရဲ့ ကျေးဇူးကြောင့် သားလေး အဖျားကျသွားရလေသည်။ သား ဆေးရုံရောက်ပြီဆိုမှ ဝသုန်တို့ လင်မယားကို ဖုန်းဆက်ခေါ်ရလေသည်။ ဝသုန် နှင့် မင်းစက်ရောက်လာလေတော့မှ သူမ အားကိုးရာ ရတော့သကဲ့သို့ပင်။
"မမ နားလိုက်ဉီးနော်"
"သားလေး နိုးလာမှ နားမယ် ညီမလေး"
"တီတီ"
"ဟင် ဝသာန်၊ သားလရောင်"
ဝသာန် နှင့် အတူဝင်လာသူက ဒေါက်တာဘုန်းတောက်ရှိန် နှင့် ဒေါက်တာလရိပ်ထက်တို့ ၏ တစ်ဉီးတည်းသော သား ဘုန်းလရောင်က အထုတ်အပိုးတြွေဖင့် ဝသာန် နောက်မှ လိုက်ဝင်လာလေသည်။
"ဝသာန် နင်က တကယ်မလွယ်ဘူး သိလား"
"နင်ကလည်း ငါ့ မောင်လေး နေမကောင်းလို့ ပါဟယ် ၊ နောက်အခါ နင့်ကို မခိုင်းတော့ပါဘူး"
လရောင် နှင့် ဝသာန်ကို ကြည့်ပြီး
"သား လက်ထဲက အထုတ်တွေက ဘာတွေလဲ"
လရောင်က ခုံပေါ်သို့ အထုတ်တွေ တင်လိုက်ပြီး
"ဇွဲလေး နိုးလာရင် စားဖို့ အသီးတွေ၊ အန်တီ ဝသုန် သမီးကတော့ စံပဲ၊ ဇွဲလေးက မောင်အရင်း မဟုတ်လို့ မောင် အရင်းသာဆို သူ့မှာ ထားစရာရှိမှာမဟုတ်ဘူး"
"အယ်မယ် နင့်မှာ အဲ့လိုချစ်ပေးမဲ့ အစ်မရှိလို့လား"
"ဟ ရှိတာပေါ့ ၊ ငါ့မှာက အစ်မနှစ်ယောက်တောင်လေ"
"အေးပါ ငဘုန်းရယ်"
"ကဲ တော်ကြတော့ ကလေးတွေ ကျနေတာပဲ"
ဝသုန် တားလိုက်မှ ကလေးတွေ စကားနိုင်လုတာ ရပ်သွားကြပြီး
"ဇွဲလေး ဘယ်လိုနေသေးလဲ တီတီ"
"သက်သာသွားပြီ သမီး"
"တော်သေးတာပေါ့ ၊ သေးသေးလေး ပင်ပန်းသွားပြီ"