Uni
💟အချစ်အမုန်းညီမျှခြင်း💟
💟အပိုင်း ၂၅💟
ဇွဲ စိတ်ရှုပ်စွာ အပြင်ပြန်ထွက်လာခဲ့ပြီး
"အဖေ အခြေအနေတော့ မကောင်းဘူး၊ အမေ အကြောင်းကို သားသိတယ်၊ ဟင့် ဆို လှည့်ကြည့်တတ်တဲ့ လူမျိုး မဟုတ်ဘူး၊ အခြေအနေမဟန်ရင် ကျွန်တော်ပါ အထုတ်ဆွဲ အိမ်ပေါ်က ဆင်းရလိမ့်မယ်"
သျှား သားဖြစ်သူကို ပခုံးကို အသာတွန့်ပြလိုက်ပြီး
"ရပါတယ်၊ အခက်အခဲတော့ သိပ်မရှိပါဘူး၊ ဒီအရှေ့မှာပဲ နေမှာပေါ့၊ မင်း အမေမှ ခေါင်းမာတာ မဟုတ်ဘူး၊ အဟွန့်"
ဟူး~~~~။
တကယ်ပါပဲ။ ဒီအဖေနှင့် ဒီအမေကြား ရူးချင်တာပဲ သိလာသူက ဇွဲရယ်ပါ။ အဖေကလဲ တဇွတ်ထိုး။ အမေကလဲ ဟင့် ဆို လှည့်ကြည့်သူ မဟုတ်လေတော့ ခက်တော့ခက်နေပါပြီ။
"ခဏလေး၊ အဖေ မပြန်ဘူး ဆိုရင်လဲ ကျွန်တော် စီစဥ်ပေးမယ်"
စကားအဆုံးတွင် သူ့ ဦးချစ်မင်းဆီ ပြေးရပြန်ပါသည်။
တံခါးခေါက်လိုက်လေတော့ ချစ်မင်း တံခါးလာဖွင့်ပေးလေသည်။
"ဟာ သားဇွဲ ဘာကိစ္စရှိလို့လဲ"
ဇွဲ စိတ်ရှုပ်စွာ အခန်းထဲဝင်ခဲ့ပြီး
"အဖေ နဲ့ အမေ ကြားမှာ ကျွန်တော်ရူးချင်နေပြီ ဦးချစ်မင်းရာ"
"ဟေ ဟိုနေ့က ငါတွေ့တဲ့ တစ်ယောက်က မင်းအဖေလား"
ဇွဲ အသာအယာခေါင်းညိမ့်ပြလိုက်ပြီး
"ဟုတ်တယ်၊ အမေကလဲ စိတ်နာနေတော့ အခန်းထဲပေးမဝင်ဘူး၊ အဖေကလည်း ကျွန်တော်တို့ဆီ နေမလို့တဲ့၊ အဝတ်အစားတွေလဲ ပါလာပုံရတယ်၊ ဒီည အခန်းရှေ့မှာ အိပ်မယ်လုပ်နေတယ်၊ တကယ်စိတ်ရှုပ်တယ်"
ချစ်မင်း ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း
"ဘာမှ စဥ်းစားမနေနဲ့၊ မင်းအဖေကို သွားခေါ်ခဲ့၊ ငါ့လည်း တစ်ယောက်ထဲ နေတာဆိုတော့ သူနဲ့ ငါ နှစ်ယောက်နေဖို့ အဆင်ပြေပါတယ်"
"တကယ် တကယ်လား"
ဇွဲ အနည်းငယ် စိတ်သက်သာရာ ရသည့်ပုံစံဖြင့် မေးမိတော့ ချစ်မင်း ခေါင်းငြိမ့်ပြမိလေသည်။ ကောင်လေး ဘယ်လောက်ပျော်သွားသည့် မသိ။ မပြေးရုံတမယ် အပြင်ပြန်ထွက်သွားသည့်က ဒီကောင်လေးရဲ့ ပျော်ရွှင်မှုကို မြင်နေရလေသည်။