အပိုင်း ၁

1.3K 36 3
                                    

"မြတ်သံစဉ်မောင် ခုချက်ချင်း ငါ့နားကိုလာခဲ့"

" ဟိုလေ သား... သားတောင်းပန်ပါတယ်ဦး သားလေ နောက်ခါမသွားတော့ပါပူး အင့်"

"မရဘူး... မင့်ငါ့ကိုဆင်ခြင်​ပေးတာဘယ်နှစ်ကြိမ်ရှိပီလဲ ဟမ်...ပြောစမ်းပါဦး မင်းကအတန်းရှိတာတောင် အတန်းလစ်ပီး သူတို့ခေါ်တဲ့နောက်ကိုလိုက်သွားတယ်ပေါ့ ဟုတ်သလား"

" သားမလိုက်ဘူးလို့ပြောတာပဲ အင့် သူတို့က အတင်းခေါ်တာကို ဟင့်... "

"အော်... အ့ဆို ငါကအတင်းခေါ်တဲ့ မင့်သူငယ်ချင်းတေကိုသွားဆဲရမှာလား... မြတ်သံစဉ်မောင် မင်းအပစ်ကိုသူများအပစ်မပုံချနဲ့"

" အင့်... "

အပစ်ရှိသလိုပဲ ခေါင်းကိုသာ ငုံ့မိနေသည်။ သေနာနှစ်ကောင်....။ သူငယ်ချင်းနှစ်ယောက်ကိုလဲ မေတ္တာပို့နေမိသည်။ သူတို့ပဲ ငါမပါရင် ပျော်စရာ မကောင်းဘူးဆိုပီး အတင်းခေါ်သွားကြတာကို...။

"ဒီမှာ... ငါလာရမှာလား မင်းလာမှာလား မြတ်သံစဉ်မောင်!"

ဦးဂုဏ်မဟာမောင် က ဝါးခြမ်းပြားအသေးလေးကိုကိုင်ကာ မှန်ရှေ့ကထိုင်ခုံပေါ်မှာ ထိုင်နေသည်။ မြတ်သံစဉ်မောင် ကတော့ သူနဲ့မလှမ်းမဝေးမှာ မတ်တပ်ရပ်နေသည်။မလာချင်သလိုလို လာချင်သလိုလို လုပ်နေတော့...

"အေး... အ့ဆိုလဲ ငါပဲလာရမှာပေါ"

" အင့်.. ဟင့်အင်း သားပဲလာပါ့မယ် ဟင့်"

ဂုဏ်မဟာမောင် မတ်တပ်ရပ်ကာ သူ့ဆီလာဖို့ပြင်တော့ ခပ်ရွေ့ရွေ့ သူ့နားသို့လျှောက်လာသည်။ မလာချင် လာချင်နဲ့ သူကို တုတ်ရွယ်ပြလိုက်တော့ ခပ်သွပ်သွပ်လေး ​
လျှောက်လာပြန်သူ။

"လက်မကာနဲ့နော် မြတ်သံစဉ်မောင် လက်ကာရင် ဒီ့ထက်နာမယ်"
" အင့် ဟီးးး ဟင့်"

ရွှမ်း" ရွှမ်း"

"ဟင့်တော်ပီလေ သားနာနေပီ အင့်"

ရွှမ်း" ရွှမ်း"

" သားကြောက်ပါပီ သားနောက်တခါ ဦးမကြိုက်တာ မလုပ်တော့ပူးလေနော် အင့်"

" မင်းမှတ်ထား မြတ်သံစဉ်မောင် ငါမင်းနဲ့လက်ထပ်ထားတာ မင်းကိုချစ်လွန်းလို့မဟုတ်ပူး မေမေ့စကားကို နားထောင်ရုံသက်သက်ပဲ အေး ခုငါ့မေမေလဲမရှိတော့ပူး ငါ့မေမေမျက်နှာလဲ ထောက်စရာမလိုတော့ဘူး။ အဲတော့ မေမေရှိတုန်းကလိုမျိုး မင်းကိုလဲ မင်းသဘောအတိုင်း ထားမှာမဟုတ်ပူး။ မင်းနဲ့ငါကချစ်လို့ယူကြတာမဟုတ်ပူးဆိုတာ သိထားသင့်တယ် ခုချိန်မှာ ငါ့သဘောအတိုင်းမနေရင် အချိန်မရွေး လမ်းဘေးကခွေး ဖြစ်သွားနိုင်တယ်နော်.."

I'M YOUR HUSBAND   (COMPLETE )Where stories live. Discover now