" ဟွင်း.... နောက်ကျမှ လူချင်းမိတ်ဆက်ပေးမယ်လေ "
" နေပါစေ ... မလိုပါဘူး... သိလဲမသိချင်ဘူး"
" ဟမ်?? "
" ထားပါတော့ သား... သွားတော့မယ်"
ဒီကောင်လေးဘာဖြစ်သွားတာပါလိမ့်?
မောင် ဦးအခန်းထဲကထွက်လိုက်ကာ တံခါးပိတ်လိုက်သည်။
ဦးကပြောလိုက်တာ သူ့ကောင်မလေးတဲ့လား။
မျက်ရည်တေက ဝဲရစ်လာသည်။သဖက်သပ်ချစ်ရတာ သိပ်ပင်ပန်းတယ်ဗျာ။
.
.
.
.
.
.
.
.တိတ်ဆိတ်နေသော အခန်းတစ်ခုထဲတင် သတိမေ့လျော့စွာ လဲလျောင်းနေသူ တစ်ယောက်။.....
စစ်ဘုန်းအာဏာ ထိုကောင်လေးကို စိုက်ကြည့်နေမိသည်။ ပိန်သေးသေး ခန္ဓာကိုယ်လေးနဲ့ အရပ်က မရှည်မတို လယ်ပယ်လောက်ဖြစ်သည်။
အသားကတော့ အလတ်ပိုင်း ဖြစ်သည်။
သူထင်မိတာ အသက်က အငယ်လေးပဲရှိလောက်ဦးမည်။ အရွယ်နဲ့ ဒဏ်ရာတေနဲ့က မစာနာပါ ။ ဒီလောက်များတဲ့ ဒဏ်ရာတေကို သူဘယ်ကနေရလာတာတဲ့လဲ.....။စစ်ဘုန်းအာဏာတစ်ယောက်
ထို့သို့ အတွေးများနေစဉ်မှာပဲ....." ဟွင်း... အင်း ဟင်း ဟင်း"
ညည်းညူသံတစ်ချို့ ထိုကောင်လေးထံမှ ထွက်လာသည်။ ကြည့်လိုက်တော့ ထိုကောင်လေးက သတိရလာပီဖြစ်သည်။ သတိရလာပီ ဖြစိလို့ စိုးရိမ်စရာ မရှိတော့ပါ။
သို့မှသာ စစ်ဘုန်းအာဏာတစ်ယောက် သက်ပြင်းလုံးလုံးလျားလျား ချနိုင်တော့သည်။
မျက်လုံးကို စူးခနဲတိုးဝင်လာသည့် အလင်းရောင်ကြောင့် မျက်လုံးကို အားယူကာ ဖွင့်လိုက်မိသည်။ မျက်လုံးတေက ဖွင့်ဖွင့် ချင်းတော့ မှုန်ဝါးနေသည်။ အရင်ဆုံးမြင်ရသည့်အရာတစ်ခုက အဖြူရောင် မျက်နှာကျက်တစ်ခု.....။
ခေါင်းကလဲ ထုရိုက်ထားသလိုမျိုး ကိုက်ခဲနေသည်။" သတိရလာပီလား... "
"....."
အရင်ဆုံးကြားရတဲ့ စကားတစ်ခွန်း....။
သက်တံ့ရောင်နီ ဘေးကို တဖြည်ဖြည်း လှည့်ကြည့်လိုက်တော့ သူ့ကို စိုက်ကြည့်နေသည့် လူတစ်ဦး။
ကြည့်ရတာ ကုပ်အင်္ကျီအဖြူအရှည်နဲ့ဆိုတော့ ဆရာဝန်မှန်းသိတာသည်။
YOU ARE READING
I'M YOUR HUSBAND (COMPLETE )
Fanfictionဂုဏ်မဟာမောင် ငါမင်းကိုသိပ်မုန်းတယ် မြတ်သံစဉ်မောင်! မြတ်သံစဉ်မောင် သားကတော့ သိပ်ချစ်တယ် ဦးဂုဏ်မဟာမောင်။ ခုမှစရေးတဲ့ fic လေးမို့ အမှားပါရင်လဲခွှင့်လွှတ်ကြပါဗျ🙏 မှတ်ချက်။ ။ စာရေးသူ၏ စိတ်ကူးရင် fic တစ်ပုဒ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမ...