" မြတ်သံစဉ်မောင်! "
ယောက်ျားပီသတဲ့ အသံသြသြကြီးက သူ့နားထဲ တိုးဝင်လာသည်။
" ဟင်.... ဦး "
နွေလယ်ခေါင်ခေါင် ကြယ်မြင်သယောင်ယောင် ဆိုသလိုပဲ....
နွေလယ်ခေါင်ကြီး မိုးကြိုးပစ်သလို ခံစားလိုက်ရသည်။ဦးကတော့ မျက်လုံးစိမ်းကြီးတေဖြင့် ကိုက်စားတော့မဲ့ ကျားပမာ သူ့ကို စိုက်ကြည့်နေသည်။
.
.
.
.
.
.
.
.
မြတ်သံစဉ်မောင် အသံကြားရာ ဘက်ကို လှည့်ကြည့်လိုက်တော့ ဦးက သူ့ကို ကိုက်စားတော့မလို အကြည့်ကြီးနဲ့ စိုက်ကြည့်နေသည်။" မင်း အဲဒါ ဘာလုပ်နေတာလဲ ဟမ်!"
ဦးအသံက တင်းမာနေကာ ဒေါသထွက်မှန်းသိတာသည် ။ မျက်ခုံးတေကို တွန့်ချိုးထားတာ သူ့ကို
စိုက်ကြည့်နေတော့....
ပြောဖို့စကားစတောင် ရှာမရတော့ပါ။" ဟို... သား ဟို...."
" မေးတာကိုဖြေလေ မြတ်သံစဉ်မောင်! "
" ဟို... သားက အ့... အ့ နာတယ်နော် ဦး အ့"
ဂုဏ်မဟာမောင် ကောင်လေး လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်လိုက်ကာ ခေါ်သွားဖို့ လုပ်စဉ်....
တဖက်လူက မောင့်လက်ကို ပြန်ဆွဲကိုင် ထားပြန်သည်။မောင့်အဖြစ်မှာ ဘယ်သူ့ခေါ်ရာနောက်လိုက်ရမလို ဖြစ်နေသည်။
" မင်းဘာလုပ်တာလဲ! "
" စကားကို ဒီနေရာမှာပဲ ရှင်းရှင်းလင်းလင်း ပြောကြရရင် ကောင်းမယ်ထင်တယ်"
" မင်းတနဲ့ဘာဆိုင်လို့လဲ မင်းဘာလို့ ဝင်စွက်ဖက်ရတာလဲ "
" ကျတော့်ကြောင့် ဖြစ်သွားတဲ့ကိစ္စဆိုတော့ ကျနော်နဲ့ပဲ ရှင်းကြတာပေါ့ "
" အဟက်!.... "
ဂုဏ်မဟာမောင် ထို့လူ့နားသို့ ဖြေးဖြေးချင်း လျှောက်သွားကာ.....
မျက်နှာချင်းဆိုင်မှာ ရပ်လိုက်သည်။" မင်းက ဘာဆိုင်လို့ ငါတို့ကြားကိစ္စ ထဲမှာ ပါချင်ရတာလဲ မဆိုင်ပဲနဲ့ ဝင်မပါနဲ့... "
ထိုလူက ခပ်အေးအေးပါ။
" ဟွင်း ကျနော်က လိုက်ပို့ပေးမယ် ပြောလိုက်လို့ သူလေးက ကားပေါ်တက်လာတာ ဆန်းလို့လား... "
YOU ARE READING
I'M YOUR HUSBAND (COMPLETE )
Fanfictionဂုဏ်မဟာမောင် ငါမင်းကိုသိပ်မုန်းတယ် မြတ်သံစဉ်မောင်! မြတ်သံစဉ်မောင် သားကတော့ သိပ်ချစ်တယ် ဦးဂုဏ်မဟာမောင်။ ခုမှစရေးတဲ့ fic လေးမို့ အမှားပါရင်လဲခွှင့်လွှတ်ကြပါဗျ🙏 မှတ်ချက်။ ။ စာရေးသူ၏ စိတ်ကူးရင် fic တစ်ပုဒ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမ...