အပိုင်း ၁၁

707 22 10
                                    

" အင်း ငါအကြိမ်ကြိမ်မေ့ဖို့ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ "

" မင်းကောင်လေးကိုစွန့်လွှတ်နိုင်လို့လား... "

ဂုဏ့်ထံမှစကားသံအချို့ဟာ တိတ်ဆိတ်သွားခဲ့သည်။ သူတစ်ခုခုကိုစဉ်းစားနေပုံပေါ်သည်။ ဟုတ်ပါတယ် သူကောင်လေးကိုလဲလက်မလွှတ်နိုင်ပါ။ မုန်းပါသည် သိပ်မုန်းခဲ့ပါသည်။ ဒါပေမဲ့.....

" ငါနားလည်ပါတယ်ဂုဏ်ရာ မင်းဒွိဟဖြစ်နေတယ်ဆိုတာငါသိပီးသား မင်းရဲ့အတွေးနောက်ကိုမလိုက်နဲ့ မင်းရဲ့နှလုံးသားထဲကခံစားချက်နောက်ကိုလိုက် အဲတာကျမင်းတကယ်ချစ်တဲ့သူကဘယ်သူလဲဆိုတာ မင်းသိလိမ့်မယ် ငါပြောတာနားလည်တယ်မလားဂုဏ် "

" အွင်း... "
.
.
.
.

.
.
.
.
.

" ငါပြန်တော့မယ်အာဏာ.. ."

" အင်း..."

ဂုဏ်အာဏာ့ကိုနှုတ်ဆက်ကာဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။

ကားမောင်းနေရင်း မြသွေးသစ္စာအကြောင်းက အလိုလိုခေါင်းထဲဝင်လာသည်။
မြသူ့ကိုခုလောက်ဆိုမုန်းနေလောက်ပီ။
မုန်းသင့်ပါတယ်။
သူမမကြိုက်တာကိုလုပ်ခဲ့မိတဲ့အတွက်
သူမမုန်းသင့်ပါတယ်။ ဂုဏ်မဟာမောင် နဲ့ မြသွေးသစ္စာက သူချင်ချင်းတေလဲဖြစ်ခဲ့ဘူးသလိုချစ်သူတေဖြစ်ခဲ့ဘူးပါသည် ကျောင်းနေဘက်သူငယ်ချင်းဆိုတော့
မြကိုတိတ်တခိုးကြိုက်ခဲ့ရတာ
နှစ်တော်တော်ကြာသည်ထိပေါ့။
ဒါပေမဲ့ ချစ်သူဖြစ်တာကတစ်နှစ်တောင်မပြည့်လိုက်ခင်ပါ။ မေမေကြီးကသူ့နောက်ဆုံးအခြေအနေမှာ
မြတ်သံစဉ်မောင် နဲ့လက်ထပ်ခိုင်းခဲ့တယ်လေ။
မြ ကဒီအကြောင်းကိုစိတ်နာပီး သူ့အဖိုးရှိတဲ့ပြင်သစ်ကိုထွက်သွားတာပင်။

ဘာလိုလိုနဲ့မြတောင်မြန်မာပြည်အခြေချပြန်တော့မှာပဲ။

ကားလေးတစ်စီးဟာတအိအိဖြင့် ယုဇနဆိုတဲ့လမ်းမပေါ်လေးကဖြတ်သွားသည်။ သစ်ရွက်တေဟာလမ်းမကြီးပေါ်ကနေအဝေးသို့လွင့်စင်သွားပေမဲ့ အတိတ်ကတော့ယနေ့အချိန်အထိမေ့ဖျောက်လို့မရသေးပါ။
.
.
.
.
.
.
.
.

.
.

*
*

ဂုဏ်မဟာမောင် အိမ်ပြန်ရောက်တော့၈နာရီထိုးပီပင် ။ တိတ်ဆိတ်နေတဲ့အိမ်ကြီးကသူ့ကိုတိတ်ဆိတ်ခြင်းတေနဲ့ဆီးကြိုနေပါသည်
ကားကိုခြံထဲထိုးရပ်လိုက်ကာ အိမ်ထဲသို့ဝင်ခဲ့လိုက်သည်

I'M YOUR HUSBAND   (COMPLETE )Where stories live. Discover now