"မောင် မင်းကိုငါတို့နှစ်ယောက် မလာတော့ဘူးတောင် ထင်နေတာကွ .. ဒါနဲ့ မနေ့ဘယ်လိုလဲ"
" အေး မင်းတို့နှစ်ယောက်ကြောင့်လေ သေနာတေရဲ့ မသွားချင်ပါပူးနဲ့ပြောတာကို တအားစိတ်တိုတယ် "
" ဟ ..ဒီကောင် တကယ်စိတ်တိုနေတာပဲ"
ပွစိပွစိပြောနေတဲ့သူနှစ်ယောက်ကို မျက်စောင်းထိုးလိုက်ကာ အတန်းထဲသာဝင်သွားသည်။
.
.
.
.
." ဟဲလို... "
" အစည်းအဝေး စပါတော့မယ် လူလဲစုံပါပီ ဆရာ"
"အင်း... ငါခုပဲ လာခဲ့လိုက်မယ် "
" ဟုတ် ဆရာ "
တွီ.... တစ်ဖက်ကဖုန်းချသွားသည်။
" ကျုပ်တို့ဒီနေရာမှာပဲ စကားဖြတ်ကြတာပေါ့ ခင်ဗျားပြောတဲ့ မြေကွက်ကိုလဲ အားတဲ့နေ့ လာကြည့်ပါ့မယ့်"
" ဟုတ်ကဲ့ပါ ဦးဂုဏ်မဟာမောင် အ့ဆို ကျနော့်ကို ခွင့်ပြုပါဦး"
"ကောင်းပါပီ"
ထိုလူထွက်သွားတော့ ဂုဏ်မဟာမောင်လဲ အစည်းအဝေး ခန်းထဲသို့ ထွက်လာခဲ့လိုက်သည်...။
........................................................................
ဆေးရုံတစ်ခုတွင် .......စစ်ဘုန်းအာဏာတစ်ယောက် နားနေခန်းထဲ အလုပ်ရှုပ်နေလေရဲ့ ။
ဇွဲရန် နှင့် မှူးသက်အိမ် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ..... ဇွဲရန်ကပဲ စကားစပြောလိုက်သည်။
" ဟို... ဒေါက်တာ ဒီည ဒေါက်တာ့ duty မရှိဘူးမလား"
" အင်း"
အင်း တစ်လုံးသာဖြေပီး စာရင်းသာလုပ်နေသည်။ သူ့ကိုဂရုမစိုက်တဲ့ပုံ။ မှူးကလဲ ဘေးက လက်တတောင်ဖြင့် ထိုးလာကာ ပြောလိုက်ဆိုသည့် ပုံစံဖြင့်... မေးဆတ်ပြသည်။
" ဟို ဒီည၈နာရီလောက် တွေ့ဆုံပွဲ ပါတီလေးလုပ်မလို့ပါ ဒေါက်တာအသစ်တေလဲ ရောက်လာပီ ဆိုတော့လေ .... အဲဒါ ဒေါက်တာ့ကိုလဲ ဖိတ်ချင်လို့ပါ"
" မလိုက်တော့ဘူး ဆေးရုံတရုံထဲ နေတဲ့ဟာ ကြာရင်ခင်သွားမှာပဲကို..."
" ဒေါက်တာရယ်... မှူးတို့က ဒေါက်တာ့ကိုကော လာစေချင်တာကို"
"....."
YOU ARE READING
I'M YOUR HUSBAND (COMPLETE )
Fanficဂုဏ်မဟာမောင် ငါမင်းကိုသိပ်မုန်းတယ် မြတ်သံစဉ်မောင်! မြတ်သံစဉ်မောင် သားကတော့ သိပ်ချစ်တယ် ဦးဂုဏ်မဟာမောင်။ ခုမှစရေးတဲ့ fic လေးမို့ အမှားပါရင်လဲခွှင့်လွှတ်ကြပါဗျ🙏 မှတ်ချက်။ ။ စာရေးသူ၏ စိတ်ကူးရင် fic တစ်ပုဒ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမ...