အပိုင်း ၉

581 14 2
                                    

" ဟက် မင်းငါ့ကိုသိပ်ချစ်ရင် အဲဒီ့ဖန်ကွဲစတေပေါ်က ငါ့ဆီကိုလာခဲ့"

ဟင်း ဦးကဒါသက်သက်မဲ့ငါ့ကို စိန်ခေါ်တာပဲ။  မြတ်သံစဉ်မောင်  မျက်ရည်တေဖြင့်ပြုံးလိုက်ကာ ဦးကိုကြည့်လိုက်သည်။

ဥိးကသားကိုအထင်သေးတာလား ။

ထို့နောက်တော့ ခြေဖဝါးနုနုတစ်စုံဟာ လင်းလက်စူးထက်နေတဲ့
ဖန်ကွဲစတေအပေါ်တက်နင်းချလိုက်သည်။

အသားပေါ်ကဒဏ်ရာထက် ရင်ထဲကဒဏ်ရာက ပိုနာကျင်ရပါတယ်ဦး။

" ဟာ ဟေ့.... ဟေ့ မင်း မြတ်သံစဉ်မောင် "
.
.
.
.
.
.
.
.
.

ကြွေပြားပေါ်မှာ သွေးတေကြည့်မကောင်းအောင်ပေကျံနေသည်။

" ဟေ့ မြတ်သံစဉ်မောင် ရပ်လိုက်စမ်း!
မင်းရူးနေလား ဟမ်! "

သူ့ဘက်ကပြောနေပေမဲ့ထိုကောင်ကလေးက
သူ့ဆီကိုလာနေဆဲဖြစ်သည်။

ဂုဏ်မဟာမောင် ဒီလိုပဲထိုကောင်လေးစိတ်နာသွားအောင်ပြောလိုက်တာဖြစ်သည်
ကောင်လေးကအဲလိုလုပ်မယ်မထင်လို့ပင်။
ဒါမဲ့ သူကပြောတဲ့အတိုင်း ထိုကောင်လေးကတကယ်လုပ်ချလာတာမို့ တခဏတော့ရင်ထဲပြောင်းဆန်သွားရသည်။ တစ်ခုခုနာကျင်သလိုစူးအောင့်သွားတာမျိုးပေါ့.....။

" မင်းရပ်လိုက်လို့ငါပြောနေတယ်နော် ကြားသလား! "

" သားဦးကိုသိပ်ချစ်တယ်ဆိုတာ ခင်ဗျားသိထားပေး ဦးဂုဏ်မဟာမောင် အ့ဆို ရပ်ပေးမယ်"

" မြတ်သံစဉ်မောင် ဆက်မလျှောက်လာနဲ့တော့ ငါပြောနေတယ်လေ ခုချက်ချင်းရပ်လိုက်စမ်း! "

ထိုစဉ်ပဲကောင်လေးက ထိုနေရာမှာလဲကျသွားသည်။

ရင်ခွင်ထဲလဲကျလာသူကို ခပ်မြန်မြန် ဆွဲပွေ့လိုက်မိတော့.....

" ဟင်!  ကိုယ်တေပူကျစ်နေပါလား"

မောင့်ကိုယ်လုံးတေကပူကျစ်နေသည်။ ဂုဏ်မဟာမောင် စိုးရိမ်တကြီးခပ်မြန်မြန်ပဲမွေ့ပေါ်တင်လိုက်သည်။ ခန္ဓာကိုယ်ကလဲထင်ထားသလောက်ထက်ပိုပေါ့နေတာမို့ ဒီကောင်လေးအစာသိပ်မစားဘူးလားတွေးမိသည်။
သူ့အစားပုတ်တာငယ်ငယ်လေးကတည်းကနေလို့ သူ့အသိပါပဲ။
မျက်နှာလေးကနီရဲနေသည်။ ဒီကောင်လေးဖျားနေတာကိုဘာလို့သူ့ကိုမပြောတာလဲ။

I'M YOUR HUSBAND   (COMPLETE )Where stories live. Discover now