" ကောင်လေးက ချစ်တော့ချစ်စရာလေးဗျ ....ဟွင်း"
" မင်း အလုပ်ကော လုပ်ဦးမှာလား သူ့အကြောင်းပဲ ပြောနေတော့မှာလား "
" ဒေါက်တာကလဲ... လုပ်မှာပါ "
အမလေးဒါလေးပြောမိတာကို....။
ဇွဲရန်က သူ့နေရာမှာသူသွားထိုင်သည်။ သက်မှူးအိမ်ကတော့ ပြုံးစိပြုံးစိနဲ့။
စစ်ဘုန်းအာဏာ အလုပ်လုပ်နေရင်း ထိုကောင်လေးပုံရိပ် မျက်လုံးထဲ မြင်ယောင်လာပြန်သည်။
သူ့အလုပ်ထဲထိတောင် ကောင်လေးက နှောင့်ယှက်လာတာဆိုတော့......။
*
*
*
*
*
*
**
စစ်ဘုန်းအာဏာ အလုပ်တေပီးတာနဲ့ ကောင်လေးအခန်းထဲကို ဝင်ခဲ့သည်။
ကျွီ....... ဒုတ်
တံခါးပိတ်သံ တစ်ခု။
ထိုကောင်လေးက ဟိုဘက်ကို စောင်းအိပ်နေရာမှ သူ့ကို လှည့်ကြည့်လာသည်။
ကြည့်နေသူကို သူ့ဘက်ကပဲ အရင်စကားစလိုက်ရသည်။
" အိပ်နေတာလား.... "
" ဟင့်အင်း မအိပ်ပါဘူး "
" နေရထိုင်ရတာ အဆင်ပြေလား .... မူးတာတို့ ဗိုက်အောင့်တာတို့ လက္ခဏာပြတာတေကော ရှိသေးလား"
" ဟင့်အင်း... မရှိဘူး... "
" အင်း... အ့ဆိုရင်တော့ မင်းရဲ့အခြေအနေ တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရပီ"
ကောင်လေးကတော့ သူပြောတာကို ကြားဟန်မပေါ်....။ တစ်ခုခုကို တွေးတော်နေသလို ငေးမိုင်နေသည့် ပုံ။
" မင်းနာမည်က.... "
" သက်တံ့ရောင်နီ.... "
" ဟွင်း... မဆိုးပါဘူး နာမည်လေးက "
စစ်ဘုန်းအာဏာ သဘောကျသလို ပြုံးမိလိုက်သည်။...
" ခင်ဗျားနာမည်ကကော... "
" စစ်ဘုန်းအာဏာ "
" အော်.... "
ဆိုကာ အသံလေးတိတ်သွားပြန်သည်။....
" ကောင်လေး... "
" ဟင်.... "
" မင်းမှာ ဘာတေစိတ်ညစ်စရာတေ ရှိလို့လဲ "
YOU ARE READING
I'M YOUR HUSBAND (COMPLETE )
Fanfictionဂုဏ်မဟာမောင် ငါမင်းကိုသိပ်မုန်းတယ် မြတ်သံစဉ်မောင်! မြတ်သံစဉ်မောင် သားကတော့ သိပ်ချစ်တယ် ဦးဂုဏ်မဟာမောင်။ ခုမှစရေးတဲ့ fic လေးမို့ အမှားပါရင်လဲခွှင့်လွှတ်ကြပါဗျ🙏 မှတ်ချက်။ ။ စာရေးသူ၏ စိတ်ကူးရင် fic တစ်ပုဒ်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမ...