အပိုင်း ၄

572 19 2
                                    

"အားလုံးပဲ လုနာပါလာပါတယ် အရေးပေါ်ခုံ သယ်ခဲ့ပါ "

ဆရာမတစ်ချို့နဲ့ ဆေးဝန်ထမ်းတစ်ချို့ ထွက်လာကြကာ
လူနာကိုသယ်သွားကြသည်။

"နှလုံးခုန်နှုန်းက ၁၀၀ သွေးဖိအားက ၁၉၈/၈၀ အောက်စီဂျင် ပြည့်ဝမှုက ၉၀%"

"လူနာက အလွန်အကျွံ ဒဏ်ရာရထားတယ် နောက်ပီး သတိလဲလစ်နေတယ်"

" ဟုတ် ဒေါက်တာ"

" လူနာရဲ့ရလဒ်တေကို စစ်ပီး လာပို့ပါ... ခုလောလောဆယ်တော့ အောက်စီဂျင် ပေးထားနှင့်ပါ"

" ဟုတ် ဒေါက်တာ "
.
.
.
.
.

မြတ်သံစဉ်မောင် ရေချိုးပီးလို့ အောက်ကိုဆင်းလာခဲ့သည်။

" သား.... သားဂုဏ်ကော အောက်ဆင်းတာ မတွေ့ရပါလား"

" ဗျာ... သူ့အခန်းထဲရှိမှာပေါ့ကြီးမေ သားလဲမသိဘူး... "

" အော် ညစာစားဖို့ဟာ အောက်ကိုမဆင်းလာဘူးရယ်... သွားခေါ်လိုက်ပါလား သား"

" အမ်... ဟုတ် ဟုတ်ကဲ့ကြီးမေ သား သွားခေါ်လိုက်ပါ့မယ်"

သူအပေါ်ထပ်ကိုတက်လာကာ ဦးအခန်းရှေ့ရပ်လိုက်သည်။

သူဦးအခန်းထဲကို ဝင်ရမလား....။ ချီတုံချတုံဖြစ်နေသည်။ အခန်းထဲနားစွန့်တော့လဲ ဘားသံမှမကြားရပါ။ ဦးရှိလောက်ပါတယ်...။
တံခါးခေါက်လိုက်ရမလား။ အင်း ဟုတ်တယ်... တံခါးခေါက်တာက အကောင်းဆုံးပဲ။

ဒေါက် ဒေါက်

ခေါက်လိုက်ပေမဲ့ အခန်းထဲက ဘာသံမှမကြားရ။ ...
နောက်တစ်ကြိမ် ပြန်ခေါက်လိုက်သည်။

ဒေါက် ... ဒေါက် ... ဒေါက် ..

တံခါးကပွင့်လာခြင်းမရှိ။... အခန်းကလဲ တိတ်ဆိတ်လွန်းနေတော့......

" ဘာလဲဟ... ဦးကမရှိဘူးလား"

တော်တော်ကြာကြာလေး နားထောင်ပေမဲ့ ဘားသံမှမကြားရတာကြောင့် အခန်းတံခါးကို အသာလေးဖွင့်ကာ ဝင်ခဲ့လိုက်သည်။

အခန်းထဲဝင်သွားတော့ ဦးက အိပ်ပျော်နေပီပင် ဖြစ်သည်။...
ခြွေစွက်တေကိုလဲ မချွတ်ထားသလို ကုတ်အင်္ကျီအမဲကိုလဲ မချွတ်ထားပါ။ ကြည့်ရတာ သူဒီနေ့ တော်တော်လေး ပင်ပန်းလာပုံရသည်။
ညနေက ဦးအပေါ် ပြန်ခံပြောခဲ့မိတဲ့ စကားတေကို ပြန်ကြားရောင်ပီး ပင်ပန်းနေတဲ့ ဦးကို အားနာသယောင်ယောင် ဖြစ်မိသည်။

I'M YOUR HUSBAND   (COMPLETE )Where stories live. Discover now