အပိုင်း ၃

643 25 0
                                    

" ဦးက သူချစ်တဲ့သူနဲ့ ခွဲခွာခဲ့ရလို့ ငါ့ကို အမုန်းကြီးမုန်းနေတာလေ .. ငါ့ကြောင့် သူ့ချစ်သူနဲ့ခွဲခဲ့ရတာတဲ့ ငါ့ကြောင့် သူတို့အချစ်တေ ပျက်စီးသွားတာတဲ့လေ ... ဘယ်လိုမခံစားပဲ နေနိုင်မှာလဲ သူ့ဘက်ကဘယ်လောက်မုန်းမုန်း ငါ့ဘက်ကတော့ ချို့ယွင်းချက်မရှိ ချစ်နေမှာပါ.."

" မင်းတော်တော်ကိုမွှန်နေတာပဲမောင်"

" ကိုယ့်အပေါ်အငြိုးထားတဲ့ သူတယောက်အပေါ်မှာ မင်းအဲလောက်လဲမရူးပါနဲ့ကွာ "

" ရူးတယ် ကောင်းမြတ် ...
ဦးနဲ့ပတ်သက်တဲ့ အရာအားလုံးက ငါ့ကိုရူးစေတယ်... "
.
.
.
.
.

" ဦး"

"ပြော"

" သားတစ်ခုလောက်ပြောစရာရှိလို့"

မြန်မြန်ပြော ဆိုသည့်ပုံစံဖြင့် စိတ်မရှည်သလို မေးဆတ်ပြသည် ။

" ဦး... ဟိုလေ... သား.. သား"

" မြတ်သံစဉ်မောင်! ငါစိတ်မရှည်တာ မင်းလဲသိပါတယ်... မင်းဘာပြောမလို့လဲ ပြော... ပြောစရာမရှိဘူးဆိုလဲ မင်းအခန်းမင်းပြန်"

" ဟို သားပိုက်ဆံလိုလို့ပါ"

" ပိုက်ဆံ ဟုတ်လား ဟက်... ရော့ ဒီမှာဘဏ်ကပ်...
မင်းကြိုက်တဲ့ အချိန်သုံး မင်းဘယ်လောက်ပဲသုံးသုံး... မင်းကိုအရမ်းချစ်တဲ့ မင်းရဲ့မေမေကြီးက မင်းတွက် မကုန်နိုင် မခန်းနိုင်တဲ့ ငွေတွေကို အလုံအလောက်ထားခဲ့ပီးသားမိုကြောင့်"

" ဦး!... အဲလိုမပြောပါနဲ့ ဒါတေက ဦးပဲပိုင်ဆိုင်တာပါ သားကမေမေကြီးအပေါ် ချစ်တာဂရုစိုက်တာတေက သူ့ဆီက ပိုက်ဆံစည်းစိမ်တေကို မက်မောတောင့်တနေလို့မဟုတ်ဘူး။ မေမေအရင်းတယောက်လိုချစ်လို့ ဂရုစိုက်ပေးခဲ့တာ သားတွက်ရော ထားခဲ့တယ်ဆိုပေမဲ့ သား ဒါတေကိုမလိုအပ်ပါဘူး... သာဘဝထဲမှာ ဦးရှိရင်ပဲ ပြည့်စုံပါတယ်"

" အဟင်း ... ငါမှတ်ထားလိုက်ပါ့မယ် မြတ်သံစဉ်မောင်"

" ဦး သားကို မရွဲ့ပါနဲ့... သားကအတည်ပြောနေတာ...
ဦး ဘက်ကသားကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ သားဘက်ကဦးကို အမှားအယွင်းမရှိ ချစ်နေမှာပါ... ဘာလို့ဆို... ဦးက သားရဲ့တစ်ဦးတည်းသော ယောက်ျားလဲဖြစ်သလို တစ်ဦးတည်းသော အချစ်ဆုံးနဲ့အချစ်ဦး ဖြစ်ခဲ့တာမိုကြောင့် လေ... "

I'M YOUR HUSBAND   (COMPLETE )Where stories live. Discover now