*4 နှစ်ခန့်ကြာသော်*
ဂျယ်ယွန်း ဆိုးလ် ကိုပြန်လာခဲ့တယ်။ ရောက်တဲ့နေ့မှာပဲ ဆောင်ဟွန်း အိမ်လေးကိုသွားခဲ့တယ်။ အခန်းလေးက သော့ခတ်ထားလေရဲ့။
"အပြင်သွားနေတယ်ထင်တယ်"
ဂျယ်ယွန်းလမ်းလျှောက်လာရင်း ပန်းခြံနားမှာ ဟွန်းနဲ့တူတဲ့ကျောပြင်လေးရယ် မိန်းကလေးတစ်ယောက်ရယ်။
"မောင် မဟုတ်လောက်ပါဘူး"
ဂျယ်ယွန်းအနီးနားကိုလျှောက်သွားကြည့်တဲ့အခါ ဆောင်ဟွန်းမှန်းပိုသေချာလာတယ်။
သူမောင့်ကိုစကားသွားပြောချင်တယ်..။ ဒါပေမဲ့ မောင်ကအခုဆို တခြားမိန်းကလေးတစ်ယောက်နဲ့ ပျော်နေပြီလေ။ မောင့်ကြည့်ရတာ ဖြူဖပ်ဖြူရော်နဲ့ နေမကောင်းဘူးထင်တယ်။ ဟိုမိန်းကလေးက မောင့်ကိုသေချာဂရုမစိုက်ဖူးလား။
"ဟို...ဆောင်ဟွန်း..."
သူစိတ်ကိုတင်းတင်းထားပြီးမောင့်ကိုခေါ်လိုက်တယ်။
"ဟင် ယွန်း..."
"အင်း.." "အင်း ပြောလေ ကိုကို"
ဂျယ်ယွန်းကြောင်သွားတယ်။ ထိုမိန်းကလေးနာမည်ကရော ယွန်း ပဲလား။
"ကိုကိုသူက ဘယ်သူလဲ ယွန်းကိုပြောပြပါအုံး"
"ခနလေး နော် ယွန်း စကားခဏသွားပြောလိုက်အုံးမယ်"
ဂျယ်ယွန်းတို့ ထိုမိန်းကလေးနဲ့ မဝေးမနီးနေရာကိုထွက်လိုက်ခဲ့တယ်။
"ဆောင်ဟွန်း သူကဘယ်သူလဲ"
"ကိုယ့်ရည်းစား..."
"တိုက်ဆိုင်တာလားတော့မသိပေမဲ့ ဘာလို့သူက ငါ့နာမည်နဲ့လာတူနေတာလဲ"
"ကိုယ် ယွန်း ကိုမေ့မရလို့ ယွန်းနဲ့ အစစအရာရာတူတဲ့ လူကို ကိုယ်..."
"တိတ်! မိန်းကလေးတစ်ယောက်ကိုမချစ်ပဲအဲ့လိုမလုပ်သင့်ဘူးလေ"
"ကိုယ်သိပါတယ် ဒါပေမဲ့ ကိုယ်မှယွန်းကိုမမေ့နိုင်တာ ယွန်းရယ်"
"ခဗျား ငါ့ကို စောင့်နေလို့ရတာပဲလေ ဘာလို့များ.."
"ယွန်းက ဘာမှမပြောပဲ ကိုယ့်ကိုထားသွားခဲ့တာလေ။ ယွန်းကိုယ့်ကိုသတိလေးတောင်မပေးခဲ့ဘူး။ ကိုယ့်မှာယွန်းမရှိတဲ့အချိန်အတောအတွင်း အရူးလိုပဲယွန်းရယ်"
YOU ARE READING
He's Mine // JakeHoon
Hayran Kurguချစ်တတ်လွန်းသူကြီးနဲ့ မချစ်ရက်တော့သူတစ်ဦး.. ဒီသံသယာမှာတည့်တည့် ကြီးကိုတိုး...။