ဒူးထောက်ပီး ၁၅မိနစ်လောက်ကြာတော့ သခင်အခန်းထဲဝင်လာသည်။ထို့နောက် စစ်ပိုင် ဒူးထောက်နေတဲ့ ဆိုဖာရှေ့ ဝင်ထိုင်လိုက်ပီး စစ်ပိုင်ဒူးခေါင်းပေါ်ကို ခြေထောက်တင်ထားသည်။ ဘာမှမပြောပဲ စိုက်ကြည့်နေတဲ့သခင်ကြောင့် စစ်ပိုင်ဇောချွေးတွေပင်ပြန်လာရသည်။
"မင်း အခုဘာအပြစ်လုပ်ထားလဲ တစ်လုံးမကျန်ပြောစမ်း!!"
အေးစက်စက်ထွက်ပေါ်လာတဲ့ သခင့်စကားသံအဆုံး စစ်ပိုင်အပြစ်များကို ခေါင်းထဲတွင် တန်းစီစဉ်းစားရင်း သခင့်ထံ အဖြေပေးရသည်။ဖြေနေစဉ် အသံကိုမထစ်အောင်လဲ အထူးဂရုစိုက်နေရသည်။"ဟို ကျွန် ကျွန်တော် နေ့လည်က အိပ်ပျော်ပီး ထမင်းလဲ ဖြစ်သလိုချက်မိပါတယ် ပီးတော့ အာ့..."
သခင့်ခြေထောက်က ရုတ်တရက်စစ်ပိုင်ပေါင်ပေါ်ကို နင်းလာတာမို့ စစ်ပိုင် ပြောလက်စစကားကိုပင် ရပ်တန့်မိသည်။အသားနုတဲ့နေရာကိုမှ နင်းချလာတာမို့ အတော်နာပါသည်။
"ဆက်ပြောလေ မင်းကိုရပ်ဖို့ ပြောလို့လား!!"
"ဟို ပီးတော့ သခင့်ကိုလဲ အာ့ လာကြိုတာ နောက်ကျသွားပါတယ်"
"ဒါပဲလား"
သခင့်အမေးကြောင့် စစ်ပိုင် အမြန်ပင် ဦးနှောက်ကိုအလုပ်ပေးရသည်။ ငါ ဘာအပြစ် ကျန်သေးတာပါလိမ့်
"ဒါပဲ လားလို့ မေးနေတယ်လေ!"
"ဟင့် သခင် ဟို ကျွန် ကျွန်နော် မသိတော့ဘူး"
"ဆိုတော့ ငါ့ပါးစပ်ကပြောရမယ်ပေါ့ ငါကိုယ်တိုင်ပြောရရင် နှစ်ဆနော်"
"ဟင့် ဟုတ် ဟုတ်ကဲ့ပါသခင်"
" ဟက် ကောင်းပီေလမင်းငါပေးထားတဲ့ အချိန်အတွင်းအလုပ် ပီးအောင်မလုပ်တာ အချိန်ကိုမလေးစားတာပဲ။ပီးေတာ့ ငါခိုင်းတာကို ပီးေအာင်မလုပ်တာက မင်းငါ့ကိုမလေးစားတာပဲမဟုတ်ဘူးလား ဟမ်!!! "
ရာဇာ ပြောနေရင်းနဲ့ကောင်လေး ပေါင်ပေါ် အားနဲ့နင်းလိုက်တာမို့ အရှေ့ကကောင်လေးကတော့ မျက်ရည်မျက်ခွက်နဲ့ပင်"အာ့ ဟင့် တောင်းပန်ပါတယ် သခင် ဟင့် ကျွန်တော်မှားပါတယ် ဟငိ့ကျွန်တော့်ကိုအပြစ်ပေးပါ"
စစိပိုင် သခင်ပြောမှပဲ အဲ့လောက်အပစ်ကြီးလုပ်မိမှန်းသိတော့သည်။တကယ်လဲ သခင်ပြောသမျှဟာ မှန်နေတာမို့ စစ်ပိုင် အပြစ်ကိုသာတောင်းခံရတော့သည်။
YOU ARE READING
Punishment oneshot
Non-Fictionpunishment typeကိုပထမဆုံးကြိမ် စရေးတာမို့ ဝေဖန်ပေးကြပါအုန်း start date-27.8.2024