Devil and his babe

1.7K 61 8
                                    

အားးး!!!!!

အလုံပိတ်နေတဲ့အခန်းတွင်းတွင် ကြောက်မက်ဖွယ်အသံကြီး ဟိန်းထွက်လာလေသည်။

"အာ့ ကျွန် ကျွန်တော့်ကို သတ်ပေးပါတော့"

ကြမ်းပြင်ပေါ်ကလူမှာ သွေးအလိမ်းလိမ်းနဲ့ပင် အသတ်ခံရဖို့တောင်းပန်နေသော်လဲ ဆိုဖာထပ်မှ လူကတော့ တစ်ချက်မှမလှုပ် ။ဝိုင်သောက်ကာ ထိုမြင်ကွင်းကိုအရသာခံနေလေသည်။

"ကျစ် ‌ပျော့လိုက်တာ ငါ့ကို
သစ္စာဖောက်ပီးရင် ဒီလောက်အကျိုးဆက်ကတော့ ခံနိုင်ရမယ်မဟုတ်ဘူးလားး "

"တောင်း တောင်းပန်ပါတယ် ~~"

"ကျစ် နားညီးလိုက်တာ ဟေ့ သူ့ပါးစပ်တွေကို အပ်နဲ့ချုပ်လိုက်စမ်း"

ဆိုဖာပေါ်ကလူဆီက အမိန့်ရတာနဲ့ ဘေးနားက အနက်ရောင်ဝတ်စုံနဲ့လူတို့သည် ကြမ်းပြင်မှ လူကိုဆွဲခေါ်ကာ ပါးစပ်တို့ကို အပ်နဲ့ချုပ်လေသည်။ အရှင်လတ်လတ် အပ်နဲ့ အစိမ်းလိုက် ထိုးဖောက်ခံရတာမို့ ထိုသူမှာ သေလောက်အောင်နာကျင်သော်လဲ ထိုသူမှာ အော်ရန်ပင် အားအင်မကျန်တော့ပေ။

တီ တီ တီ
  ဆိုဖာပေါ်ကအမျိုးသားသည် ဖုန်းပေါ်က contant nameကိုမြင်တော့ စောနကနဲ့ ဆန့်ကျင်စွာသူ၏မျက်နှာပေါ်တွင်  နူးညံသောအပြုံးတို့ဖြစ်တည်လာသည်။ အကြောင်းမှာ ဖုန်းဆက်လာသူက သူကလေးငယ်လေးဖြစ်‌ေသာကြောင့်ပင်။ ထို့နောက် အရှေ့ကလူများကို တိတ်တိတ်နေရန် အမိန့်ပေးလိုက်ပီး ဖုန်းကိုကိုင်လိုက်လေသည်။

"ဒယ်ဒီ~~ ပြန်မလာသေးဘူးလား"
ဖုန်းထဲက ထွက်လာတဲ့ အသံဆာဆာလေးကြောင့် Devil နှုတ်ခမ်းတို့ ကော့တက်လာလေသည်။ ကြည့်ရတာ သူ့ကလေးငယ်ကတော့ စိတ်ကောက်နေပီထင်သည်။

"ဒယ်ဒီ ဒီမှာကိစ္စလေးရှင်းနေလို့ babe ရဲ့ ခနလေးပဲစောင့်နော် ပီးရင်ပြန်လာခဲ့မယ်"

"မရဝူး ဒယ်ဒီ အခုပြန်လာခဲ့ မဟုတ်ရင် babe စိတ်ကောက်လိုက်မှာ"

"ကယ် ဟုတ်ပါပီ ကိုယ်အခုပြန်လာခဲ့မယ် ဟုတ်ပီလား"

"ဟီးဟုတ် ဒယ်ဒီ မွ~~"
ကလေးငယ်မှာ လိုချင်တာရသွားတော့မှ ဖုန်းချသွားလေသည်။

Punishment oneshotWhere stories live. Discover now