"အစားမစာချင်ဘူးမလား ရတယ် ဒီနေ့အငတ်နေ မင်းကိုဘာမှမကျွေးဘူး!!!"ဥက္ကာ ပြောပီးသားနဲ့ စားပွဲကထမင်းပန်းကန်တွေအကုန်သိမ်းပီး အခန်းထဲသာဝင်လာလိုက်တော့သည်။အဲ့မှာသာဆက်နေရင် ဥက္ကာဒေါသနဲ့ ထိုကောင်လေးကို ဘာလုပ်မိမယ်မသိ။
ဒေါသအနဲငယ်ပြေရုံရှိသေး အခန်းဝကတံခါးခေါက်သံကြောင့် ဥက္ကာမကြည့်တောင်ဘယ်သူမှန်းသိသည်လေ။
ဒယ်ဒီ~
ပေါင်ပေါင် တံခါးရှေ့ကနေ ဒယ်ဒီကို တိုးတိုးလေးခေါ်ကြည့်လိုက်သညိ။ဒါမဲ့ အထဲကဘာမှပြန်မထူးတာကြောင့်
*ဒယ်ဒီ တအားစိတ်ဆိုးနေတာထင်တယ်*
"ဒယ်ဒီ ပေါင်ပေါင်ဝင်လာလို့ရမလားဟင်"
နောက်တစ်ခါ ခွင့်တောင်းသော်လည်း ဖြေသံမကြားသောဒယ်ဒီကြောင့် ပေါင်ပေါင်ဝမ်းနည်းလာသည်။*ဒယ်ဒီက သူ့ကိုစကားမပြောတော့ဘူးလား*
ဝဲတက်လာတဲ့မျက်ရည်နဲ့အတူ အခန်းတံခါးဝကပြန်လှည့်ဖို့ပြင်လိုက်စဉ်ကျွီ..(တံခါးဖွင့်သံနော်)
"ဘာကိစ္စလဲ"
သူ့ကို တစ်ချက်စိုက်ကြည့်ပီး မေးလာတဲ့ ဒယ်ဒီကြောင့် ပေါင်ပေါင် ငိုချင်နေတဲ့စိတ်ကိုထိန်းရင်း ဒယ်ဒီရှေ့ဒူးထောက်လိုက်သည်။"ပေါင်ပေါင် မှားသွားပါတယ် ဒယ်ဒီ "
"........"
ဒယ်ဒီကတော့ ဘာမှမပြောပဲ ပေါင်ပေါင်ကို စိုက်ကြည့်နေတာကြောင့် ပေါင်ပေါင်ကိုယ်လေးပဲ အနဲငယ်ကျုံ့မိသွားရသည်။"ဒယ် ဒယ်ဒီ ပေါင်ပေါင်မှားမှန်းသိပါပီ ပေါင်ပေါင်ကိုအပြစ်ပေးပါနော် ဟင့်"
သေချာပေါက် မငိုအောင်ထိန်းထားသည့်ကြားကပင် ရှိုက်သံလေးက ထွက်သွားရသေးသည်။ ပေါင်ပေါင် အပြစ်ပေးဖို့တောင်းဆိုနေပေမယ့် စိတ်ထဲမှာတော့ ဒယ်ဒီဆီက အပြစ်ပေးခံရမှာကြောင့် ကြောက်လန့်နေမိသည်။*ဒယ်ဒီက တကယ်စိတ်ဆိုးရင် ကြောက်စရာကြီး*"မင်းကို ဘယ်သူငိုခိုင်းလဲ ဟမ်!!!!!"
"ဟင့် မ မငိုခိုင်းပါဘူးဒယ်ဒီ ပေါင်ပေါင်တောင်းပန်ပါတယ်"
ဒယ်ဒီ့ဆီက အအော်ခံလိုက်ရတာမို့ ပေါင်ပေါင်မျက်ရည်ကို အမြန်သုတ်လိုက်ရသည်။ဒယ်ဒီကို ထပ်စိတ်ဆိုးစေလို့ မဖြစ်ဘူးလေ။
YOU ARE READING
Punishment oneshot
No Ficciónpunishment typeကိုပထမဆုံးကြိမ် စရေးတာမို့ ဝေဖန်ပေးကြပါအုန်း start date-27.8.2024