My bad koko

1.7K 52 0
                                    

သာယာသောမနက်ခင်းလေးတွေ..

မီးဖိုချောင်ထဲ၌ ဝဏ္ဍ တစ်ယောက်အလုပ်ရှုပ်နေသည်။သူမနက်စာပြင်ပီးတော့ နာရီကိုကြည့်လိုက်တော့ ခုနှစ်နာရီထိုးဖို့ ဆယ်မိနစ်သာလိုတော့သည်။ဒါနဲ့ သူ့လည်း သူ့အခန်းထဲက လူကြီးလေးကို သွားနိုးဖို့ပြင်တော့သည်။ ကိုကိုက အသက်သာသူ့ထပ်ကြီးတာ စိတ်ကတော့ကလေးစိတ်ပင်။အခုလဲသူသာ မနှိုးရင် မထတတ်တဲ့ကိုကိုကြောင့် ဝဏ္ဍကိုယ်တိုင် တက်နှိုးရသည်။

အခန်းထဲရောက်တော့ တွေ့ပါပီ သူ့ရဲ့ကလေးကြီးကို။အိပ်ရာပေါ်မှာ ပက်လက်လေးအိပ်နေလိုက်တာများ ကလေးကျနေတာပဲ။လောလောဆေယ်ရပ်ကြည့်နေလို့မဖြစ် အခုမနှိုးရင် ရုံးနောက်ကျတော့မယ်

"ကိုကို ထတော့"

"အွန်း မောင် တစ်မိနစ်ပဲလေ"
မျက်လုံးကဖွင့်မလာသေးပဲ လက်ချောင်းလေးတစ်ချောင်းထောင်ပီး တစ်မိနစ်အော်နေတဲ့ ထိုလူကြီးက အသဲယားစရာ

"မရဘူး ကိုကိုအခုထတော့ ခုနှစ်နာရီထိုးနေပီ"

"အင်း ခနလေးပါ"

ခနလေးပြောပီး ဟိုဘက်လှည့်ကာပြန်အိပ်သွားတဲ့ ကိုကိုကြောင့် ဝဏ္ဍစိတ်မရှည်တော့

"ဦးနိုင်းရတုအခုထ!!!"
ဝဏ္ဍ တစ်ချက်အော်ရင်း တင်းပါးကို ခပ်စပ်စပ်လေးရိုက်ပေးလိုက်မှ ကိုကိုက ကမန်းကတန်းအိပ်ရာကထတော့သည်။တကယ် ကိုကိုက အရိုက်ခံရမှကို ကြောက်တာ။

"ကိုကိုကတော့‌‌ေလ မနက်စောစောကြီး မောင်မဆူချင်ဘူးဆိုနေ"

"မောင်ကလဲ ~~~"
အသက်နဲ့မလိုက် ချွဲနေတဲ့ အရှေ့ကက‌ေလးဆိုးကြီးကြောင့် ဝဏ္ဍမျက်စောင်းတစ်ချက်သာထိုးလိုက်သည်။

"ကယ် ချွဲမနေနဲ့ အမြန်ရေသွားချိုး ပီးအောက်ဆင်းခဲ့ မနက်စာပြင်ထားမယ်"

"ဟုတ် မောင်"
မျက်လုံးလေးပွတ်ရင်း သမ်းနေသည့်ကိုကိုက အခုထိအိပ်ရေးမဝသေးပုံ

"ကိုကို ပြန်မအိပ်နေနဲ့နော် နာရီဝက်အတွင်းဆင်းခဲ့ မဟုတ်ရင် မောင့်အကြောင်းသိတယ်နော်"
သူ့ကိုကိုအကြောင်း သူသာသိသည်မို့ မဆင်းခင် လှမ်းသတိပေးလိုက်ရသေးသည်။

Punishment oneshotWhere stories live. Discover now