"မိုးဦးငယ်!!!"
"ဘာလဲဖေဖေရာ မနက်အစောကြီးကို"
"မင်း ဒီတစ်ခါလဲ စာမေးပွဲကျပြန်ပီဆို ငါ့ကိုဆရာမ အခုပဲဖုန်းဆက်တယ်!"
"အော် ဟုတ်တယ်လေ ဖေဖေ"
"ဘာ!! စာမေးပွဲကျတာ မင်းမရှက်ဘူးလား "
"ရှက်ပါဘူး သားတစ်ယောက်ထဲ ကျတာမှမဟုတ်တာ"
"ဘာ ဒီကောင်!!!"
"ကယ် ရှင်ရယ် သားကို ကောင်းကောင်းပြောပါ "
"နွယ်ရယ် မင်းသားအချိုးကိုကြည့်စမ်းပါ ကောင်းကောင်းပြောလို့ကိုမရဘူး
မိုးဦးငယ် မင်းမနက်ဖြန်ကစပီး ကျူရှင်သင်ရမယ် မင်းအတွက် ဆရာရှာပီးပီး ကြားလား!!""ဖေဖေကလဲ မတက်ချင်ပါဘူး!"
"မတက်ရင် မင်းကို မုန့်ဖိုးဖြတ်မယ်"
"ဟာ ဖေဖေကလဲ~~"
"ဒါပဲနော် မင်းတက်မှာလား မတက်ဘူးလားပြော"
"တက်မယ် တက်မယ်လို့"
"အေး မင်းကြပ်ကြပ်သတိထား"
အဖေထွက်သွားတာနဲ့ မိုးဦးငယ် ဆော့လက်စဖုန်းကိုကိုင်ပီး အေးအေးဆေးဆေးဂိမ်းပြန်ဆော့နေလိုက်တယ်။ ဆရာခေါ်လဲခေါ်ပေါ့ ဘယ်ဆရာမှ သူလက်ချက်နဲ့ တစ်ပတ်တောင်မခံဘူးဘူး။
----------
"သား ဇေ ငယ်လေးက တအားဆိုးတာ သားအဆင်ပြေပါ့မလား""ဟုတ်ပြေပါတယ် ဦး စိတ်ချပါ သား သေချာသင်ပေးလိုက်ပါမယ်"
"အင်းပါ သားဇေကို အပ်ပါတယ်ကွာ ဆုံးမစရာရှိ ဆုံးမနော် ဦးတို့ကိုအားမနာနဲ့ ဟုတ်ပီလား"
"ဟုတ်ကဲ့ စိတ်ချပါ ဦး"
"ဟောပြောရင်းဆိုရင်း ဆင်းလာပါပီ မိုးဦးငယ် ခနလာစမ်း!!"
"ဘာလဲဖေဖေ?"
ဇေရဲ တစ်ယောက် သူစာသင်ရမယ်ဆိုတဲ့ ကောင်လေးကို တစ်ချက်အကဲခတ်ကြည့်လိုက်မိသည်။ အခုမှအိပ်ရာက ထလာတာလားမသိ ဆံပင်ကစုပ်ဖွားနဲ့ လှေကားကနေပြေးဆင်းလာပုံက သူ့မျက်လုံးထဲတော့ အချိုးပြေမနေပေ။ အလိုလိုက်ခံထားရတဲ့ ကလေးလို့ သိရတာမို့ ဒီကောင်လေးကို ဇေရဲပုံသွင်းရပေအုန်းမည်။
YOU ARE READING
Punishment oneshot
Non-Fictionpunishment typeကိုပထမဆုံးကြိမ် စရေးတာမို့ ဝေဖန်ပေးကြပါအုန်း start date-27.8.2024