ကိုကြီးတို့ရဲ့ အငယ်ဆုံးလေး

274 52 3
                                    

"အငယ် ဘာတွေခိုးစားနေပြန်တာလဲ"

အနောက်ကအသံကြောင့် မိုးသက် စားဖို့ကြံနေတဲ့ ရေခဲချောင်းလေးကို အနောက်ကိုအမြန်ဝှက်ထားလိုက်သည်။

"အမလေး ဘုရား လန့်သွားတာပဲ  ကိုလတ်ကလဲ"
အနောက်က အသံကြောင့်‌လှည့်ကြည့်လိုက်တော့ ကိုကြီးမဟုတ်ပဲ  ကိုလတ်ဖြစ်နေမှပဲ အငယ် စိတ်သက်သာရာရသွားတော့သည်။

"လန့်မနေနဲ့ နောက်ကရေခဲချောင်းမှတ်လား ဒီလောက်ချောင်းဆိုးနေတာကို ပြန်ထားလိုက်"

"ကိုလတ်ကလဲ သားက နဲနဲလေးပဲစားမှာပါ နော် နော်"

"ချွဲမနေနဲ့အငယ် အကိုကြီးက ချောင်းဆို‌ေးနတုန်း မစားရဘူးမှာထားတာမလား သိရင် အရိုက်ခံနေရမယ် ပြန်ထားလိုက်"

"ဟာ ကိုလတ်ကလဲ အကိုကြီးက ကိုလတ်မပြောရင် သိမှာမှမဟုတ်တာ တစ်ခါပဲ မသိချင်ယောင်ဆောင်လိုက်ပါလား နော် နော်"

သူ့ကိုလာချွဲနေတဲ့ အငယ်ကြောင့် သက်ဆွေ ခက်ရချေပီ။ အငယ့်ကို အလိုလိုက်ချင်ပေမယ့် အကိုကြီးသိရင် သူပါ ရောအဆူခံရနိုင်တာမို့ လိုက်လျောလိုက်လို့မဖြစ်။

"မရဘူး အငယ် ပြန်သွားထား ချောင်းဆိုးပျောက်မှ စားလေကွာ"

"မရဘူး မရဘူး အငယ်က အခုစားချင်တာ ချောင်းဆိုးပျောက်လဲ ကိုကြီးတို့က မစားခိုင်းပဲ‌နဲ့"

"ချောင်းဆိုးပျောက်ရင် အငယ်ကြိုက်တာစားလေ အခုတော့ ပြန်ထားလိုက်ပါ "
သက်ဆွေ လေသံအေးအေးနဲ့ ချော့ပြောနေသော်လည်း အငယ်ကတော့ ဂျစ်နေဆဲ။

"မရဘူး မရဘူးလို့!!!"

"ဟိတ် ဒါက ဘာဖြစ်နေကြတာလဲ??"

"အကိုကြီး!!"
"ကိုကို!!"

အနောက်က အကိုကြီးရောက်လာတာနဲ့ တစ်ပြိုင်နက် ဂျီကျနေတဲ့ အငယ်မှာလဲ အသံချက်ချင်းတိတ်သွားပီး သက်ဆွေကိုယ်တိုင်လဲ လန့်သွားရသည်။

"မနက်စောစော ဆူညံနေတာပဲ အကိုအပေါ်ထပ်မှာဘုရားရှိခိုးတာကို မင်းတို့အသံတွေကြီးပဲနော်!!"

အကိုကြီးဆီက အဆူခံရတာနဲ့ မိုးသက်ရော သက်ဆွေပါ အလိုလိုခေါင်းလေးငုံ့သွားကြသည်။

Punishment oneshotWhere stories live. Discover now