မိုးဦးငယ် အခုဆို ဆရာဇေနဲ့ သင်တာ တစ်လလောက်ရှိနေပီဖြစ်သည်။တစ်လလုံးလုံး အရိုက်မခံရတဲ့ရက်ကလဲ ခပ်ရှားရှားရယ်။ အစကတော့ ဖေဖေ့ကို အရိုက်ခံရတာတိုင်လိုက်သေးတယ်။ဒါမဲ့ ဖေဖေက မိုးဦးငယ်ကို တော်တော်ချစ်ရှာပါတယ် သံပေတံနဲ့ ရိုက်ရင် မနာမှာ ဆိုးလို့တဲ့ ကြိမ်လုံးအစည်းလိုက်တောင် ဝယ်ထားပေးသေး။ မိုးဦးငယ်တို့က အဲ့လိုအချစ်ခံရတာ..
"ဟိတ် ကောင်လေး စာလုပ်နေတာ ဘာတွေတွေးနေတာလဲ"
"ဟင် ဘာ ဘာမှမတွေးပါဘူး ဆရာရဲ့"
"ဟုတ်လား အာ့ဆို ခုနကကိုယ်ရှင်းပြတာ ပြန်တွက်ကြည့်ပါအုန်း"
ပြောပီး သချာပုစ္ဆာ တစ်ပုဒ်ပေးလာတဲ့ ဆရာကြောင့် မိုးဦးငယ်တို့
ပြသာနာတက်ပီလေ။ ဆရာရှင်းပြတုန်းက စိတ်က ဟိုတွေးဒီတွေးနဲ့ ဘာမှကို ခေါင်းထဲမဝင်လိုက်ပေ။
ဘောပင်ကိုင်ရင်း ဆရာ့ကို ကြည့်မိတော့ ဆရာက တွက်လေဆိုပီး
မေးဆတ်ပြသည်။"ဟို ဆရာ ငယ် မတွက်တတ်ဘူး"
"ဟမ် ခုနကပြောတော့ နားလည်တယ်ဆို"
"ဟို ဟိုဟာ အာ့က"
"စာရှင်းပြတုန်းက ဘာတွေလုပ်နေသလဲ မိုးဦးငယ် ဟမ်!"
"အာ့ နာ နာတယ်ဆရာ"
"မေးရင်ဖြေလေ မိုးဦးငယ်"
"ငယ် အာ့ ငယ် တခြားကိုစိတ်ရောက်မိသွားတာပါ ဆရာ နာတယ် လွတ်ပေးပါ
ဟင့်"အရှေ့က မျက်ရည်ဝဲနေတဲ့ကောင်လေးကြောင့် ဇေရဲနားကို ခပ်ကြမ်းကြမ်းဆွဲပီးလွှတ်ပေးလိုက်သည်။
"သွား ထိုင်ထအခါ သုံးဆယ် သွားလုပ်!"
"ဟုတ် ဆရာ"
"အသံထွက်ပီးရေ တစ်ခါလုပ်တိုင်း နောက်ကို စာသေချာနားထောင်ပါ့မယ်လို့ အော်ကြားလား!"
"ဟုတ်ကဲ့ဆရာ"
မိုးဦးငယ်လဲ ခုံပေါ်ကမတ်တပ်ရပ်ပီး ဆရာပြောသလို ထိုင်ထလုပ်ရတော့သည်။တစ်* နောက်ကို စာသေချာနားထောင်ပါ့မယ်
နှစ်*နောက်ကိုစာသေချာနားထောင်ပါ့မယ်
.
.
.
.
တစ်ဆယ်* နောက်ကို ဟင့် စာသေချာနားထောင်ပါ့မယ်
ဆယ်ချက်မြောက်မှာ မိုးဦးငယ်တစ်ယောက် ထိုင်ထလုပ်ရတာရော အသံထွက်ပီးအော်ရတာရောကြောင့် ရှက်စိတ်နဲ့ ငိုချင်လာတော့သည်။
YOU ARE READING
Punishment oneshot
Non-Fictionpunishment typeကိုပထမဆုံးကြိမ် စရေးတာမို့ ဝေဖန်ပေးကြပါအုန်း start date-27.8.2024