(၅-၁) ချို့ယွင်းချက်များ

103 12 2
                                    

(Unicode) ကျန်းချန်းယွမ်သည် ကျုံးရှန်း ဥပဒေကုမ္ပဏီသို့ ရောက်လာခဲ့သည်။ သူ၏လက်ထောက်ဖြစ်သူ စွင်းရွှီက သူ့ကို ဘလက်ကော်ဖီတစ်ခွက် ကမ်းပေးလိုက်သည်။ မနေ့က ရှောင်ကျိုးကို သွားခေါ်ခဲ့သောကြောင့် သူသည် ရုံး၌ တစ်နေကုန် မရှိခဲ့ဘဲ စားပွဲပေါ်၌ စာရွက်စာတမ်းများ အပုံလိုက်ဖြစ်နေခဲ့သည်။

စွင်းရွှီသည် ထိပ်ဆုံးမှ အပုံတစ်ခုကို ယူ၍ လက်လွှဲပေးလိုက်သည်။

"ဘောစ့်.. ဒါတွေက ဘောစ့် ကျွန်တော့်ကို ငှားခိုင်းထားတဲ့ ဖိုင်တွေပဲ... ဒါတွေက လွန်ခဲ့တဲ့လေးနှစ်က ဖြစ်ပြီးတော့ ဒီဂျစ်တယ်ဖိုင် မရနိုင်ဘူး... ဒါကြောင့် အကုန်လုံးကို ကျွန်တော် မိတ္တူကူးခဲ့တယ်... အဲဒါက အတော်လေးများတယ်... သူတို့က ကျွန်တော်တို့နဲ့ ရှုပ်ဖို့ ကြိုးစားနေပုံရတယ်"

ကျန်းချန်းယွမ်သည် ကော်ဖီသောက်ရင်း ကျယ်ပြောလှသော စာရွက်အပုံလိုက်ကြီးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"အဲဒါက အံ့ဩစရာမရှိပါဘူး... စံလုပ်ထုံးလုပ်နည်းအတိုင်းပဲ... အသုံးဝင်တာတွေက နည်းနည်းလောက်ပဲရှိမှာ"

စွင်းရွှီက သူ၏တုံ့ပြန်မှုကို မျှော်လင့်ထားပြီး ဖြစ်သလိုမျိုး ဂုဏ်ယူစွာ ပြုံးလိုက်သည်။

"ကျွန်တော် အဲဒါတွေကို ခွဲထုတ်ထားပြီးပြီ... ဒီကိစ္စနဲ့သက်ဆိုင်တာ စာမျက်နှာ ၇ ရွက်စာပဲ ရှိတယ်"

သူသည် ဆင့်ကာစီထားသော စာရွက်အပုံကြီးထဲမှ အကြည်ရောင် ဖိုင်တစ်ခုကို ဆွဲထုတ်လိုက်သည်။

"ကျွန်တော်လည်း ဒီအမှုကို ပြန်ကြည့်ပြီးသွားပြီ... တစ်ခါတည်းကို အယူခံဝင်ချင်သွားတယ်... ဘော့စ်က ဒါကို စီရင်ထုံးတစ်ခုအနေနဲ့ သုံးချင်တာလား? ကျွန်တော့်ဆီကနေ ဘာအကူအညီ လိုသေးလဲ? လတ်တလော ကျွန်တော်တို့ဆီမှာ ဒီလိုအလားတူကိစ္စမျိုး မရှိဖူးပါဘူး"

ကျန်းချန်းယွမ်သည် ဖိုင်တွဲကိုယူ၍ စာရွက်စာတမ်းများကို အမြန်လှန်လှောကြည့်လိုက်သည်။

"ပြောကြည့်... မင်း ဘာပြဿနာတွေ တွေ့လို့လဲ?"

စွင်းရွှီသည် သူ၏အိမ်စာများကို ကြိုတင်လုပ်ထားသည့်အတွက် ကျန်းချန်းယွမ်မှ ချီးကျူးလာမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် မမျှော်လင့်ထားသည်က နှစ်သက်သဘောကျသည့် စကားတစ်ခွန်းမှ ထွက်မလာပေ။ ထိုအစား ပြီးဆုံးထားပြီးသား အမှုကိစ္စများမှ ပြဿနာများကို ခရေစေ့တွင်းကျ ရှာဖွေဖော်ထုတ်ပြီး အဲဒီနေရာမှာပဲ ဉာဏ်စမ်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရကာ သူ့အား ချက်ချင်းဆိုသလို ချွေးစေးများ ထွက်ပေါ်လာစေသည်။

Reservoir Dogs (MMTranslation)Where stories live. Discover now