(၅-၂) ချို့ယွင်းချက်များ

119 14 2
                                    

(Unicode) စီးပွားရေးကိစ္စများသည် ရှုပ်ထွေးပြီး အစိတ်အပိုင်းများစွာ ဆက်စပ်ပါဝင်နေသည်။ နှစ်ဝက်လောက် အချိန်ယူရပြီး တစ်ခါတစ်လေ နှစ်အတော်ကြာသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ အချို့ကုမ္ပဏီပေါင်းစည်းခြင်းနှင့် ပိုင်ဆိုင်မှုများလွှဲပြောင်းခြင်းသည် ထိုကဲ့သို့ ရှည်လျားကြာမြင့်သော တရားရေးတိုက်ပွဲများကို ဖြစ်ပေါ်စေသည့် ရိုးရှင်းသော ငွေကြေးအင်အားပြိုင်ဆိုင်မှုတစ်ခုပင် ဖြစ်သည်။ လုပ်ငန်းပိုင်ရှင်များက ထိုအရာသည် သည်းမခံနိုင်စရာဖြစ်ကြောင်း တွေ့ရှိခဲ့သော်လည်း ထိုအရာသည် ရှေ့နေများအတွက် အလှည့်ကျလည်ပတ်နေသော ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သည်။ လင်းရှန်၏အမှုကို အပြီးသတ်လိုက်သည်နှင့် ဥပဒေကုမ္ပဏီအတွက် နောက်ထပ်နှစ်နှစ်စာ အသုံးစရိတ်များမှာ တည်ငြိမ်သွားမည်ဟု ခန့်မှန်းရသည်။

ကျန်းချန်းယွမ်သည် ရာဇဝတ်မှုကိစ္စများအား အထူးပြုထားသည့် အချိန်တွင် လင်းရှန်သည် အရပ်ဘက်နှင့် စီးပွားရေးကိစ္စများကို အာရုံစိုက်ထားသည်။ သူသည် အရပ်ဘက်ဆိုင်ရာ မှုခင်းမျိုးစုံကိုပါ တာဝန်ယူခဲ့သော်လည်း ကုမ္ပဏီ၏ဝင်ငွေအများစုမှာ လင်း၏ဘက်မှ လာသည်။ ကျန်းချန်းယွမ်သည် လစာအတွက် စိတ်ပူခြင်းမရှိဘဲ သူ၏ကိုယ်ပိုင်ရွေးချယ်မှုပေါ် မူတည်၍ အမှုကိစ္စများကို လက်ခံသည်။

စွင်းရွှီ ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ လင်းရှန်၏အလုပ်တာဝန်မှာ ပုံမှန်ထက် ပိုမိုများပြားသော်လည်း သူသည် သူ၏လက်အောက်ငယ်သားများကို ရက်ရောစွာ ဆက်ဆံသည်။ ၎င်းတို့၏ ပုံသေလစာအပြင် တရားရေးဆိုင်ရာ လက်ထောက်များသည် အမှုကိစ္စများမှ ကော်မရှင်များကိုလည်း ရရှိခဲ့သည်။ စွင်းရွှီသည် ရာဇဝတ်မှုဆိုင်ရာ ခုခံမှုများ၌ ကျန်းချန်းယွမ်၏ကျော်ကြားမှုအောက်တွင် သင်ယူခဲ့သည်။ သူ့မိသားစု၏ ဘဏ္ဍာရေးထောက်ပံ့မှုမှာ ရပ်တန့်ခြင်းမရှိသော်လည်း ကျန်းချန်းယွမ်သာ ဆက်လက်လှုပ်ရှားမှုမရှိဖြစ်နေပါက သူသည် လင်းရှန်ဘက်သို့ ကူးပြောင်းသွားမည်ဖြစ်သည်။

သူတို့ စကားပြောနေစဉ်မှာပဲ ရုံးခန်းတံခါးထံမှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

Reservoir Dogs (MMTranslation)Where stories live. Discover now