2.2: Come Over

168 21 4
                                    

(Unicode)  သူ့အတွက် ကျန်းချန်းယွမ် ပြင်ဆင်ပေးထားသည့် ဖိနပ်ကို သူ မစီးခဲ့ပေ။ အေးစက်နေသော ကြွေပြားပေါ်တွင် ခြေဗလာဖြင့် လျှောက်လှမ်းလာခဲ့ပြီး ခြေဖဝါးပေါ်ရှိ အေးမြမှုမှ ရရှိလာသော ခဏတာ သက်သာရာရမှုကို အပူလှိုင်းအသစ်က အစားထိုး ဝင်ရောက်လာခဲ့သည်။

အနက်ရောင်တောက်ပနေသော ကြွေပြားများသည် နီမြန်းနေသော ပါးပြင်များ၊ ကိုင်းညွတ်နေသော ကျောပြင်စသည်ဖြင့် လုံးဝကို ဖရိုဖရဲဖြစ်နေသည့် သူ၏လက်ရှိအခြေအနေကို ရောင်ပြန်ဟပ်နေသည်။ ချွေးစက်တစ်စက်သည် သူ၏နှာခေါင်းပေါ်မှ လိမ့်ဆင်းသွားပြီး ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့သည်။

လုံးဝကို ရင်းနှီးကျွမ်းဝင်မှုမရှိပေ။

ရှောင်ကျိုး၏မျက်လုံးများသည် ရေငွေ့များနှင့် ပြည့်နှက်နေပြီး သူ၏ခံစစ်များအားလုံး ပြိုကွဲလုနီးပါးဖြစ်နေပြီဖြစ်သည်။ သူသည် နောင်တမရှိဘဲ ပြတ်ပြတ်သားသားနှင့် စိတ်ပိုင်းဖြတ်ထားလိုသည် ဆိုရင်တောင်မှ သူ ဒါမျိုးကို ကိုယ်တိုင် တစ်ခါမှ မတွေ့ကြုံခဲ့ရဖူးဘူး။

အကြောင်းတရားတွေက ခေါင်းထဲရောက်လာသည့်အချိန်မှသာလျှင် ကြောက်ရွံ့မှုဆိုတာကို သိလာရခြင်းဖြစ်သည်။

သူ ပိုပြီးနီးကပ်လာလေလေ၊ ဖီရိုမုန်းများက ပိုပြီးအားကောင်းလာလေ ဖြစ်သည်။ ကျန်းချန်းယွမ်သည် သူ၏ထိလွယ်ရှလွယ်ကာလ၌ ရှိနေတာသာမဟုတ်ဘူးဆိုရင် သာမာန်လူသည် ထိုကဲ့သို့ အားကောင်းပြင်းထန်သော ရနံ့မျိုးမရှိသင့်ပေ။ သို့သော်လည်း ထိုအမျိုးသား၏မျက်နှာသည် တည်ငြိမ်နေဆဲဖြစ်ပြီး ယခုကဲ့သို့ အချိန်မျိုးအတွင်း မျှော်လင့်ထားသည့် မည်သည့်ရူးသွပ်မှုမျိုးနှင့် စိတ်လိုက်မာန်ပါပြုလုပ်မှုမျိုးကိုမှ ဖော်ပြခြင်းမရှိဘူး။

ရှောင်ကျိုးသည် ကျန်းချန်းယွမ်ကို ကြည့်လိုက်ပြီး သူ၏အသိစိတ်များက တုံ့ဆိုင်းနေကာ သူ့ကိုယ်သူ ဆိုးရွားသော အခြေအနေမှ ရုန်းထွက်နိုင်ရန် ကြိုးစားနေသည်။

အယ်ဖာများအားလုံးကဲ့သို့ပင် ဤအမျိုးသားသည် သူ၏ ယဉ်ကျေးသိမ်မွေ့သော အပြင်ပန်းပုံရိပ်အောက်တွင် တူညီစွာ ကြီးစိုးခြယ်လှယ်နေသည်။ ရက်စက်ကြမ်းတမ်းပြီး ဆိုးညစ်စွာဖြင့် ဖီရိုမုန်းများနှင့် ထိန်းချုပ်ခံထားရသည့် အိုမီဂါကိုမြင်ရတာ သူ သဘောကျသည်။

Reservoir Dogs (MMTranslation)Where stories live. Discover now