(Unicode) ရှောင်ကျိုးသည် ခေါင်းကိုလှည့်၍ ကားပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ ဤတိုတောင်းသော လေးနှစ်တာကာလအတွင်းမှာ တစ်မြို့လုံးသည် ကြီးမားသော အပြောင်းအလဲများ တွေ့ကြုံခဲ့ရပုံရသည်။ မိုးမျှော်တိုက်များသည် မြေပြင်ပေါ်တွင် မှိုလိုပေါက်နေကြပြီး မြင့်မားသော အဝေးပြေးလမ်းမများသည် သူတို၏အတောင်ပံများကိုဖြန့်၍ တဟုန်ထိုးပျံဝဲနေသော ငှက်များကဲ့သို အဆောက်အဦများကြားတွင် ကွေ့ပတ်၍ တည်ရှိနေသည်။ မော်တော်ယာဉ်မှာ ရှေ့ဆက်သွားနေသည်နှင့်အမျှ သဘာဝရှုခင်းများသည် အနောက်တွင်ကျန်ရစ်ကာ မှေးမှိန်သွားခဲ့သည်။ အရာအားလုံးသည် ဆန်းသစ်နေပြီး သူ့အတွက် အထူးတလည် ဆွဲဆောင်မှုရှိနေသည်။
သိုသော် အချိန်အတော်ကြာအောင် ကြည့်ပြီးသည့်နောက် ဒါသည် နည်းနည်းတော့ ကြေကွဲစရာကောင်းနေသည်။ ဤနေရာသည် သူ မွေးဖွားခဲ့သည့်နေရာဖြစ်သည်မှာ ထင်ရှားသော်လည်း သူသည် ဖယ်ထုတ်ခံထားရသလိုမျိုး ယခုချိန်၌ အလွန်ပင် ရင်းနှီးကျွမ်းဝင်မှုမရှိဟု ခံစားနေရသည်။
သူ၏အကြည့်များက လမ်းတစ်လျှောက်ရှိ ရှုမျှော်ခင်းများ၌ ကပ်ညိနေခဲ့ပြီး အရာအားလုံးကို လောဘတကြီး မှတ်သားနေရင်း သူ၏စိတ်ထဲတွင် ထိုအရာအားလုံးကို ပုံဖော်နိုင်စေရန် ဆန္ဒပြုနေမိသည်။
ကား၏အရှိန်သည် တဖြည်းဖြည်းနှေးကွေးလာသည်နှင့်အမျှ၊ ကားမောင်းသူ၏ထိုင်ခုံဘက်မှ ရုတ်တရက် အသံထွက်ပေါ်လာသည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ?"
ရှောင်ကျိုးသည် အသံကို တုံပြန်သည့်အနေဖြင့် ခေါင်းလှည့်လာခဲ့သည်။ ထိုအမျိုးသား၏အသံသည် ညှိဓာတ်ပါ၍ ပြေပြေပြစ်ပြစ်ဖြစ်ကာ ဩဇာအာဏာအပြည့်နှင့်ဖြစ်ပြီး အသံလွှင်သူတစ်ဦးလိုမျိုးပင် အသံထွက်မှာ ကြည်လင်ပြတ်သားသည်။
သူ ပြန်ဖြေလိုက်သည်။
"ရှောင်ကျိုး"
ထိုအမျိုးသားက ပြောသည်။
"ကိုယ်က ကျန်းချန်းယွမ်"
ရှောင်ကျိုး ခေါင်းညိတ်လိုက်သည်။ ဤစကားဝိုင်းသည် သိပ်တော့လိုအပ်မနေဟု သူ ခံစားလိုက်ရသည်။ အရင်ကတည်းက သူတို၏အသေးစိတ်အချက်အလက်များကို လဲလှယ်ခဲ့ပြီးသား ဖြစ်သည်။ ဒီနေ့မတိုင်ခင်မှာပဲ သူသည် ကျန်းချန်းယွမ်၏ အချက်အလက်များဖြစ်သော မွေးနေ့၊ သွေးအမျိုးအစား၊ မိဘများ၏အခြေအနေ၊ ပညာရေးနှင့် အလုပ်အတွေ့အကြုံ စသည်တို့ကို အလွတ်ကျက်ထားလုနီးပါးပင်။ ညဘက် ၎င်း၏အိပ်စက်ရာတွင် အနည်းငယ် ညည်းတက်ခြင်းပင် ပါသေးသည်။

YOU ARE READING
Reservoir Dogs (MMTranslation)
AcciónDescription ကို FB Page "ငါကသန်းဆို နင်တို့မေလိုက်" ဆိုတဲ့ Page ကနေ ကူးထားပါတယ်ရှင် အယ်လ်ဖာရှေ့နေ × အယ်လ်ဖာကနေ အိုမီဂါအဖြစ်ပြောင်းထားတဲ့ လွတ်ငြိမ်းခွင့်ရ အကျဉ်းသား Title : Reservoir Dogs | 落水狗 Author : 重山外 Chapter : 125 (Etran Completed) Warning ⚠...