(၇-၁) ထမင်းကြော်

72 12 3
                                    

(Unicode) ကျန်းချန်းယွမ် ပြန်ရောက်လာသောအချိန်၌ ပုစွန်အစိမ်း၊ ပဲစေ့၊ မုန်လာဥနီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ဆား၊ ဆီ၊ အခြားသော ဟင်းခတ်အမွှေးအကြိုင်များနှင့်အတူ ထမင်းတစ်ဗူးစသည်ဖြင့် ထမင်းကြော်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများပါသည့် ပလပ်စတစ်အိတ် တစ်အိတ်ကို သယ်ဆောင်လာခဲ့သည်။

စားသောက်ကုန်များအတွက် ဈေးဝယ်ရသည်ကို ပျင်းရိလွန်းမှန်း သိသာထင်ရှားနေသည်။ ထိုအစား သူသည် ပါဝင်ပစ္စည်းများအတွက် စားသောက်ဆိုင်ကို တောင်းဆိုခဲ့သည်။

ရှောင်ကျိုးသည် အိတ်ကိုယူလိုက်ပြီး အတွင်းရှိ ဖြစ်ကတက်ဆန်း ထုပ်ပိုးထားသော ဗူးများကြောင့် အံ့ဩသွားခဲ့သည်။

"ဒါကိုကြိုက်တယ်ဆိုရင် အဆင်သင့်လုပ်ပြီးသားကို ဘာလို့ ဝယ်မလာတာလဲ?"

ကျန်းချန်းယွမ်သည် သူ၏ဖိနပ်များကို လဲလိုက်ပြီး မီးဖိုချောင်အတွင်းသို့ ရှောင်ကျိုး ဝင်သွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် အပြုံးတစ်ခုဖြင့် တံခါးဝကိုမှီလိုက်ပြီး

"မင်း ကမ်းလှမ်းထားတယ်လေ... ဒါကြောင့် မင်း ချက်ပြုတ်ပေးမယ့် အခွင့်အရေးကို ကိုယ် လက်လွတ်ခံလို့ ဘယ်ဖြစ်မလဲ?"

ပါဝင်ပစ္စည်းများသည် အသုံးပြုရန် အဆင့်သင့်ဖြစ်ပြီးသားပင်။ ဒယ်အိုးကို အပူပေး၍ ဆီထည့်ပြီး ကြော်လှော်ရန်သာ ရှိတော့သည်။

ရှောင်ကျိုးသည် ယခင်ထဲက ကျန်းချန်းယွမ်၏မီးဖိုချောင်နှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သောကြောင့် ထမင်းကြော်ကို မိနစ်အနည်းငယ်အတွင်း ကျွမ်းကျင်စွာနှင့် မြန်ဆန်စွာ ကြော်ပေးခဲ့သည်။

ကျန်းချန်းယွမ်သည် စားပွဲတွင် ထိုင်နေခဲ့ပြီး အပေါ်အင်္ကျီကိုချွတ်ကာ အင်္ကျီလက်စများကို အပေါ်သို့လိပ်တင်လိုက်ပြီး ပိုက်တစ်ချောင်းဖြင့် ပဲနို့ကို နည်းနည်းချင်း စုပ်သောက်နေသည်။ စားသောက်ဆိုင်မှ ပဲနို့များသည် ဖန်ပုလင်းများနှင့်လာပြီး များသောအားဖြင့် ပြန်ပေးရမည့် ရည်ရွယ်ချက်ရှိသည်။ သူ ယူလာနိုင်ဖို့ ပိုင်ရှင်ကို ဘယ်လိုမျိုးဆွဲဆောင်ခဲ့သည်ဆိုတာကို ဘယ်သူကသိမှာလဲ?

Reservoir Dogs (MMTranslation)Where stories live. Discover now