(၆-၂) ကျိုးကျွင်း

161 17 1
                                        

(Unicode) ရှောင်ကျိုး အိပ်ရာနိုးလာသည့်အချိန်တွင် ကျန်းချန်းယွမ်မှာ အပြင်သွားနှင့်ပြီဖြစ်သည်။

ကြီးမားသော အိမ်ကြီးသည် လူမရှိဖြစ်နေသည်။ သူ ကြိုးစားပြီး တံခါးဖွင့်ခဲ့သော်လည်း အပြင်မှ သော့ခတ်ထားသောကြောင့် အတွင်းမှနေ၍ ဖွင့်မရပေ။

ဆာလောင်မှုကြောင့် သူ မီးဖိုချောင်အတွင်းသို့ ဝင်သွားခဲ့သော်လည်း စားလို့ရတာ ဘာမှမရှိဘူး။ ရေခဲသေတ္တာထဲတွင် ရေ၊ နွားနို့နှင့် ကြက်ဥတစ်သေတ္တာသာရှိသည်။ ကျန်းချန်းယွမ်သည် သူ့အား အစာငတ်ပြီး သေစေချင်နေသည်ဟုတောင် ရှောင်ကျိုး သံသယဖြစ်မိသည်။

သူသည် ကြက်ဥများကို ကြော်လှော်ချက်ပြုတ်လိုက်ပြီး နွားနို့တစ်ခွက် လောင်းထည့်လိုက်သည်။ တစ်ဝက်လောက်သောက်ပြီးနောက် အရသာပျက်နေသည်ကို သူ သတိထားမိသွားသည်။ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးကြည့်လိုက်ရာ လွန်ခဲ့သည့်နှစ်ပတ်တည်းက သက်တမ်းကုန်နေသည်ကို တွေ့လိုက်ရသည်။

ပါးစပ်အတွင်းရှိ နို့များကို မျိုမချဘဲ ရေချိုးခန်းသို့ပြေးသွားကာ ထွေးထုတ်လိုက်ပြီး ပါးစပ်ကို ရေဖြင့်ဆေးကြောလိုက်သည်။ ထိုအရာများအားလုံးပြီးသွားသည့်နောက် သူ မူးဝေပြီး အားနည်းလာသလို ခံစားလိုက်ရသည်။ ဆာလောင်မှုကြောင့်လည်း ဖြစ်နိုင်သလို သူ၏ဗိုက်သည်လည်း ဘာကိုမှ မခံစားရပေ။

ကုတင်ပေါ်တွင် အားနည်းစွာ လှဲလျောင်းလိုက်ရင်း ကျောပိုးအိတ်ထဲမှ ဖုန်းအဟောင်းကို ထုတ်ယူ၍ အားသွင်းလိုက်သည်။ နာရီဝက်အကြာတွင် ဖုန်း စတင်ပွင့်သည့် သီချင်းသံနှင့်အတူ ဖုန်းသည် အံ့ဩစရာကောင်းလောက်အောင် အလုပ်လုပ်နေသေးလေသည်။

နူးညံ့သောခေါင်းအုံးပေါ်တွင် လှဲနေရင်း အဆက်အသွယ်စာရင်းများကို တစ်ချက်ကြည့်လိုက်သည်။ သူ အဆင်ပြေလုံခြုံသည်ဟု အိမ်ကို ဖုန်းဆက်ချင်သော်လည်း လက်ရှိအခြေအနေကို မည်သို့ရှင်းပြရမှန်း မသိပေ။ ဖုန်းနံပါတ်တွေက အတူတူဖြစ်နေတုန်းပဲလားဆိုတာ သူ မသေချာသည့်အပြင် 'သင်ခေါ်ဆိုသည့် ဖုန်းနံပတ်မှာ တပ်ဆင်ထားခြင်းမရှိပါ'ဟု ပြောလာမှာကို သူ ကြောက်နေမိသည်။ သူသည် မိန်းမောတွေဝေစွာ စိုက်ကြည့်နေရင်း သူ၏လက်မသည် ရော်ဘာခလုတ်များပေါ်တွင် လှည့်လည်သွားလာနေသည်။

Reservoir Dogs (MMTranslation)Where stories live. Discover now