"ဟာ ကိုကြီးဝလုံး!"
နှစ်ယောက်သာပြိုင်တူအော်ရင်း မြေကြီးပေါ်ဖင်ထိုင်ရက်လဲကျနေသူနားပြေးသွားကြတာ အူယားဖားယား..။
ဝလုံးမှာအသည်းကွဲတာတောင် အေးအေးဆေးဆေးမကွဲလိုက်ရ...သူကြီးအိမ်ထဲကထွက်လာတဲ့လူနဲ့ ဒုတ်ခနဲတိုက်မိကာ မြေကြီးပေါ်ဖုတ်ခနဲလဲကျသွားပြန်သည်။
ငိုချင်ရက်လက်တို့ဆိုသလို နာတဲ့အရှိန်ပါပေါင်းပြီး ဝလုံးအော်ငိုတော့သည်။
ငြိမ်ဦးမှာလည်း ရွာကသူကြီးတို့ ဆယ်အိမ်ခေါင်းတို့နဲ့စကားပြောပြီး နေမည့်နေရာကိုသွားဖို့ ဝိုင်းထဲကအထွက် ရှုပ်ပွနေတဲ့ခေါင်းတစ်လုံးက သူ့ရင်ဘတ်ဆီတည့်တည့်ပစ်ဝင်လာတာကြောင့် ရှောင်လိုက်ပေမဲ့ မမှီတော့...။
ဒုတ်ခနဲဝင်တိုက်တဲ့ခေါင်းကြောင့် ရင်ဘတ်တောင်အောင့်သွားရသည်သာမက အလုံးကြီးကြီးအသီးတစ်လုံးကခြေမပေါ်ပြုတ်ကျလာတာကြောင့် အီစိမ့်သွားရသော်လည်း ဝင်တိုက်သည့်လူမှာ မြေပြင်ပေါ်ဖုတ်ခနဲဖင်ထိုင်ရက်လေးလဲကျသွားတာမို့ ကပြာကယာဆွဲထူဖို့ကြည့်တော့ ညနေကကောင်လေး..
ခေါင်းလေးငုံ့ကာငြိမ်နေတာကြောင့် တော်တော်များနာသွားလားဟုစိုးရိမ်ကာ မေးမည့်ဟန်ပြင်တုန်း ဆတ်ခနဲခေါင်းမော့ကာ အော်ငိုလိုက်တာကြောင့် လန့်သွားမိသည်။
"ငြိမ်ဦး ဘာဖြစ်"
နောက်ကလိုက်လာတဲ့ မိုးသားနဲ့ရွာလူကြီးတွေကလည်း အော်ငိုနေသူကိုကြည့်ကာ တအံ့တဩ..
"တအားနာသွားလားကလေး ကိုယ့်ကိုပြ"
"ဗြဲ!"
ချော့ကာမှ ပိုငိုလာတဲ့ကောင်လေးကြောင့် ငြိမ်ဦးမှာ တောင့်တင်းသွားရသည်။နောက်ကပါလာတဲ့ကလေးနှစ်ယောက်ကလည်း ခြေဆင်းငိုနေသူနား ငုတ်တုပ်ကလေးတွေထိုင်ကာ ခေါင်းတကုတ်ကုတ်..
မှုန်တိမှုန်ဝါးအလင်းရောင်အောက်က မျက်နှာဝိုင်းဝိုင်းလေးက မျက်ရည်တွေပေလူးနေပြီး ညနေကတွေ့ခဲ့တဲ့ပါးကွက်ဝိုင်းဝိုင်းကြီးတွေလည်းမရှိတော့..။
ဆံပင်လိမ်လိမ်လေးတွေက ဖွာလန်ကျဲနေပြီး အော်ငိုနေတာက အပြစ်ကင်းစင်တဲ့ကလေးလေးလို... သူတောင်ကလေးနဲ့မှားလိုက်သေးတာပဲဖြစ်သည်..။
"ဟဲ့ ဟဲ့ ငိုနေတာဘယ်သူတုန်း "
ဝိုင်းပြင်ရောက်လာတဲ့လူကြီးတွေကြောင့် ပြာပြာသလဲမတ်တပ်ရပ်ကာ မျက်ရည်တွေပွတ်ဆွဲသုတ်နေပြန်သည်။
"ဝလုံးလေး ဘာဖြစ်သတုန်းဟဲ့"
"အွတ် ဘာ အွတ် မှမဖြစ်ပါဘူးသူကြီးကတော် အွတ်"
"ဟဲ့ သာကူစိ နင့်ကိုကြီးကို ရေခပ်တိုက်စမ်းပါအုံးဟဲ့"
"ဟုတ် ဟုတ်"
အငိုလွန်ပြီးကျို့ပါထိုးနေတဲ့ကောင်လေးကို ရေတိုက်တော့လည်း တဂွပ်ဂွပ်နဲ့သောက်ချပစ်တာများ ငိုရလွန်းလို့မောနေရှာပြီထင်...
လူကြီးတွေပြန်သွားတော့ နေရာမှာကျန်နေခဲ့တာ သူတို့ငါးယောက်သာ...ထိုကလေးလိုလိုကောင်လေးမှာ သူ့ထက်ရှစ်နှစ်ခန့်ငယ်ပြီး ထန်းရည်ဆိုင်ပိုင်ရှင်လေးဖြစ်ကြောင်းသိလိုက်ရပြီဖြစ်သည်။
"လာ ကိုယ်နဲ့ဆေးခန်းသွားရအောင် ကလေး"
ရုတ်တရက်မျက်လုံးလှန်ကြည့်လာတဲ့ကောင်လေးက သူ့ကိုပေစောင်းစောင်းဖြင့်ကြည့်သည်။
လျော့တိလျော့ရဲဖြစ်နေတဲ့ပုဆိုးကို ပုခုံးပေါ်စလွယ်သိုင်းပစ်လိုက်ပြီး ပြုတ်ကျသွားတဲ့အသီးကြီးကိုကုန်းကောက်ကာ သူ့ကိုစကားပြန်မပြော..
"ကလေး"
စူးခနဲကြည့်လာတာမို့ တန့်သွားရသည်။
"ခင်ဗျား!"
ဘောက်ဆတ်ဆတ်နဲ့ထိုကောင်လေးက သူ့နားရောက်လာတာကို ကြောင်ကြည့်နေမိသည်။
အနားကပ်လေ သိသိသာသာကွာခြားသွားတဲ့အရပ်အမောင်းကြောင့် ဝလုံးမကျေမနပ်ဖြစ်ကာ နောက်ကိုခြေလှမ်းနှစ်လှမ်းပြန်ဆုတ်လိုက်ပြီး ခါးထောက်လိုက်သည်။
နဖူးပေါ်ဖရိုဖရဲကျနေတဲ့ဆံပင်တွေကို သပ်တင်ကာ ထိုလူ့ကာစေ့စေ့ကြည့်သည်။ခေါင်းမော့ရင်ကော့လို့ ပြောချင်နေသည့်စကားကိုပြောချပစ်ခဲ့ကာ အနိုင်ပိုင်ပြီးထွက်လာခဲ့လိုက်သည်။
"ဝလုံး ကလေးမဟုတ်ဘူး!"
YOU ARE READING
ဝလုံးလေး
Romanceဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ~~