အပိုင်း(၃၈)

451 40 10
                                    

"မျက်စိတွေကျိန်းလိုက်တာကွာ.."

"ဘာဖြစ်တာလဲ.."

ဝိုင်းထဲကကွပ်ပျစ်မှာထိုင်ပြီး လက်ဖက်သုပ်စားနေရင်းက မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ပြီး ဗလုံးဗထွေးပြောလာတဲ့ကြယ်က‌လေးကြောင့် ဝလုံးကြောင်တောင်တောင်လေးနဲ့ မေးလိုက်ကာ လက်ကိုရှေ့သို့လှမ်းလိုက်မိသည်...

"မင်းလက်ကြီးဖယ်စမ်းပါ..!"

"ဟမ်"

နောက်ကိုပါ ဖင်တရွတ်တိုက်ဖြင့်ဆုတ်သွားတာကြောင့် ဝလုံးမျက်ခုံးလေးတွေတွန့်သွားရသည်... လက်ဝါးနဲ့မလုံ့တလုံကာထားတဲ့မျက်နှာက ပြုံးဖြီးဖြီး...

"ဘာတုန်း.."

"ပလက်တီနမ်လက်စွပ်ကြီး‌ကြောင့် မျက်စိတွေကျိန်းလို့ပါကွာ.."

"ဟွန်း!"

ကြယ်ကလေးကသူ့ကိုသပ်သပ်စနေခြင်းသာ... ပျောက်တိပျောက်ကျားထိုးနေတဲ့ နေပျောက်လေးတွေထဲ လက်ရောက်သွားတိုင်း တဖျတ်ဖျတ်လက်သွားတတ်တဲ့ လက်စွပ်ကလေးက အရည်အသွေးအတော်လေးကောင်းမှန်း သိသာလှသည်... လက်စွပ်‌လေးကို လက်မနဲ့အသာဖိပွတ်နေရင်းက ပြုံးယောင်သမ်းသွားတဲ့နှုတ်ခမ်းပါးများ...

"ကျေနပ်နေတဲ့ရုပ်ကြီးက..."

"ဘာဖြစ်လဲ..!"

ချက်ချင်းပက်ခနဲပြန်ပြောလိုက်တဲ့သူ့ကို ကြယ်ကလေးက မျက်နှာမဲ့ပြသည်...

"စွာစိကိုလန်နေတာပဲ..."

"ဘာဖြစ်ချင်လဲ!"

"ဩ.. အားကိုးရှိတော့ သူငယ်ချင်းကိုတောင် ကတ်ကတ်လန်"

မျက်ခုံးတစ်ဖက်ပင့်ပြလိုက်ပြီး လျှာထုတ်ပြောင်ပြနေသည်ကိုကြည့်ပြီး ကြယ်ကလေးကနှာခေါင်းရှုံ့သည်...

"ဒီတော့ ဆိုစမ်းပါအုံး အခြေအနေလေး..."

သူစိတ်ကောက်နေသည့်အကြောင်းအရင်းကို မေးလာတာကိုသိသည်.. မနေ့ညကဖုန်းပြောပြီးကတည်းက အရိပ်လေးတောင်ပေါ်မလာတဲ့လူကိုသတိရကာ စိတ်ထဲထိုင်းမှိုင်းသွားတော့သည်...  ပြောင်စပ်စပ်မျက်နှာလေးကနေ မှိုင်ကျသွားတော့လည်း ကြယ်ကလေးမနေတတ်...

ဝလုံးလေးWhere stories live. Discover now