အပိုင်း(၁၁)

781 46 4
                                    

"အား!"

"ရှက်လိုက်တာ ရှက်လိုက်တာ အမေရာ..."

အိမ်ပြန်ရောက်ရောက်ခြင်း အမေ့ဆီကပြန်ကြားလိုက်ရတဲ့ အမှန်တရားတချို့ကြောင့် ဝလုံးမှာမူးလဲချင်သွားရသည်။ရွာသားတွေကထူးဆန်းနေတာမဟုတ်ပဲ သူကပေါက်ကရလုပ်ခဲ့မိတာဖြစ်သည်။

မျက်နှာလေးဖွတ်လို့ အော်နေတဲ့ဝလုံးက အိမ်ရှေ့ကြမ်းပြင်မှာ ကားယားလေး..။ဝတ်ထားတဲ့ ပုဆိုးတိုတိုက အပေါ်လိပ်တက်ပြီး ပေါင်လုံးတုတ်တုတ်လေးတွေပင်ပေါ်လုနီးနီး...။

"ဖြန်း!"

"အ့! အမေ့"

အငြိမ်မနေတာကြောင့် တလှုပ်လှုပ်ဖြစ်နေတဲ့ ဖင်လေးကိုအမေက ရိုက်ချလိုက်တာဖြန်းခနဲ...

အသံသေးသေးလေးနဲ့ ခေါင်းထောင်လာတဲ့ဝလုံးက မျက်ရည်လေးတွေဝဲနေရာက ရှက်တာရော နာတာပါပေါင်းပြီး ဘူးသီးလုံးလောက်မျက်ရည်တွေကျလာတော့သည်...

"ကလေးကျလို့ လုံးပေါက်ရယ်... ဒါသဘာဝပဲဟာကို ... ဖွ ဖွ အမေ့ကိုပြစမ်း အရာထင်သွားလား"

ပြောပြောဆိုဆိုပင် ပုဆိုးလာလှန်တဲ့အမေ့ကြောင့် ကပြာကယာထထိုင်လိုက်ရသည်။‌အမေလုပ်ပုံနဲ့ ကျနေတဲ့မျက်ရည်တွေတောင် ပြန်ဝင်ကုန်ပြီလားမသိ။

"အမေ့ ဘာလုပ်တာလဲလို့"

"အမေရိုက်တာအားပါသွားတယ်ထင်တယ် အမေကြည့်စမ်းပါအုံးမယ်"

"မပါဘူးအမေ့ ရတယ်"

"အမေ့ကြည့်စမ်းမယ်လုံးပေါက်ရယ် လက်ကဖယ်စမ်းပါ"

"ဟင့်အင်း အမေနော် ဟင့်အင်းလို့"

ကြမ်းပြင်ပေါ်မှာ ဖင်တရွတ်တိုက်နောက်ဆုတ်နေတဲ့ဝလုံးကို အမေကလည်းအတူတူလိုက်လုပ်ပြီးစသည်။ပြုံးရယ်နေသောမျက်နှာတွေသည် ကြည်လင်နေတော့သည်။

"ကိုကြီးဝလုံးတို့ဘာတွေဆော့နေကြတာလဲ သားတို့ပါအုံးမယ်"

သာကုစိနဲ့ဂျူမုံပါရောက်လာပြီး အိမ်ပေါ်မှာဆူဆူညံညံ...အမေက ကလေးတွေရောက်လာကတည်းက ပုခုံးပေါ်ကတဘတ်လေးနဲ့ချွေးသုတ်ကာ ပြုံးကြည့်နေသည်။

ခဏကြာတော့မှ မောကာကြမ်းပြင်ပေါ်ပက်လက်လှဲရင်း အမောဖြေနေကြသည်။

"ကိုကြီးဝလုံး ဒီနေ့နားတော့ ဒိုးပစ်သွားကြမယ်လေ စိန်ပုတို့နဲ့ချိန်းထားတယ် လာခေါ်တာ"

"အမေ့"

"ထမင်းလေးစားသွားအုံး "

"ဟုတ် လာ မင်းတို့နှစ်ကောင်ပါဝင်စားကြ"

ဝလုံးတို့အိမ်ဆိုတာ သာကူစိနှင့်ဂျူမုံ၏စားအိမ်သောက်အိမ်ပင်။

"အမေ့သွားပြီနော်"

"မိုးမချုပ်စေနဲ့နော် လုံးပေါက်... ကလေးတွေနဲ့ ရန်ဖြစ်မလာနဲ့အုံး"

"ဟုတ် အမေ့"

လက်နှစ်ဖက်စလုံးမှာ သားရေပင်တွေဝတ်ထားတဲ့ဝလုံးက ကာတွန်းဘောင်းဘီတိုလေးဖြင့် ပုဆိုးစလွယ်သိုင်းကာ ရှေ့ဆုံးမှမြောက်ကားကားဖြင့်ထွက်သည်။

"ဟိတ်ကောင် မိုးနွေ မင်းညစ်တာ..."

ညနေပိုင်းရွာထဲလမ်းလျှောက်နေတုန်း ကလေးတွေစုပြုံကစားနေတဲ့နားက ရင်းနှီးတဲ့အသံဆာဆာလေးကြောင့် အမှတ်တမဲ့လှမ်းကြည့်လိုက်မိသည်။

သူ့ပုံစံလေးပဲလားမသိ ပုဆိုးစလွယ်သိုင်းလေးနဲ့ ကြက်တောင်စည်းလေးကတော့မရှိတော့... နှုတ်ခမ်းလေးတထော်ထော်ဖြင့် ကလေးတွေနဲ့အပြိုင်ငြင်းခုန်နေပုံက ခုန်ဆွဆွ...

နေဝင်ဆည်းဆာအောက်မှာ ဆံပင်လိမ်လိမ်လေးတွေဖွာခနဲဝဲသွားလိုက် သွားတန်းညီညီလေးတွေပေါ်အောင် ပြုံးရယ်လိုက်ဖြင့် အဝါရောင်ပျော်ရွှင်မှုလေးသည် အပူအပင်ကင်းစွာ....

ကိုယ်တိုင်တောင်မသိလိုက်ပါပဲ နှုတ်ခမ်းစွန်းတွေကော့တက်သွားတဲ့ငြိမ်ဦးကို ကြက်သေသေပြီးကြည့်နေမိတာကမိုးသား...

ပေါင်းလာတဲ့တစ်လျှောက်လုံး ထိုသို့စိတ်လွတ်ကိုယ်လွတ်ပြုံးရယ်တာမျိုးမတွေ့ဖူး... ကလေးတွေနဲ့ထိတွေ့မိတိုင်းဖောဖောသီသီပေးတတ်တော့အပြုံးတွေသည် နေ့စဉ်ဘဝမှာတော့တည်တင်းနေတတ်သည်။

ခံစားချက်တွေကိုမျိုသိပ်ရင်း စက်ရုပ်တစ်ရုပ်လို နေထိုင်တတ်တဲ့ငြိမ်ဦးမှာ ခံစားချက်တွေကို ပထမဆုံးတုံ့ပြန်လာတာဖြစ်သည်။

ဒဏ်ရာတွေအပြည့်ဖြင့် သူ့သူငယ်ချင်းကို စိတ်လက်ပေါ့ပါးစွာပြုံးစေသည့် ပျော်ရွှင်ခြင်းလေးသည် ကြည့်လိုက်မိသည့်သူ့ကိုပါ ပြုံးမိစေနိုင်သည်အထိ ဖြူစင်လွန်းလှပါသည်။

ဝလုံးလေးWhere stories live. Discover now