ကျောင်းဝန်းထဲတွင် ကလေးငယ်များ၏ သံပြိုင်ကဗျာများရွတ်ဆိုသံက ဖုံးလွှမ်းနေသည်...
"ဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ဝိုင်းဝိုင်းကလေးရေးပါမယ်~~"
ကလေးတွေစာဆိုနေတာကို အာရုံစိုက်နားထောင်နေရင်း သည်ကဗျာစာပိုဒ်လေးနားရောက်တော့ ပြုံးချင်ချင်ဖြစ်သွားတဲ့နှုတ်ခမ်းများ...
ကဗျာထဲက ဝလုံးလေးအတိုင်း အပြင်မှာလည်း အချိုခဲလေး ဖိုးဝလုံးအကြောင်းကို တွေးလိုက်မိ၍ ဖြစ်သည်...တစ်နေ့ညကအဖြစ်အပျက်တွေဖြစ်ပြီးကတည်းက ထိုကလေးနဲ့မတွေ့ဖြစ်တာ ၅ရက်နဲ့နေ့တစ်ပိုင်းရှိနေပြီဖြစ်သည်...
အခါတိုင်းတေ့တေ့ဆိုင်ဆိုင်မတွေ့ဖြစ်လျှင်တောင် ညနေစောင်းလျှင် စာသင်ကျောင်းနားကို ကလေးတွေနဲ့ လာလာဆော့တတ်သေးသည်...ပြေးလွှားနေတဲ့ ကြက်တောင်စည်းလေးတလှုပ်လှုပ်ကို အဝေးမှတွေ့ရတတ်သေးသည်...
"ဘာတွေတွေးနေပြန်တာလဲ ဆရာကိုတည်ငြိမ်ဦး"
ပုခုံးကိုအသာလေးပုတ်လိုက်ပေမဲ့ ဆတ်ခနဲဖြစ်သွားတဲ့သူ့ကို မိုးသားကလည်းပြူးကြောင်ကြောင်ကြည့်နေလေသည်...
"ဘာလဲ"
"ဟင် ဘာလဲ ကလေးတွေကို ဆင်းပေးလိုက်တော့လေ..."
ထိုအခါမှ လက်ကနာရီကိုကြည့်မိတော့ ၁၂နာရီကိ ၁၀မိနစ်စွန်းနေပြီ...ကလေးတွေကိုကြည့်လိုက်တော့ မျက်နှာငယ်လေးတွေဖြင့် သူအတန်းဆင်းပေးတာ စောင့်နေပုံ...
"ကဲ စာအုပ်တွေသိမ်းမယ်.. ဒီနေ့အတန်းဆင်းတာနောက်ကျလို့ ဆရာနေ့လည်အတန်းကျ ပုံပြင်ပြောပြမယ်နော်..."
"ယေးးးးးးး"
"မင်္ဂလာပါဆရာလေး!"
"ကျေးဇူးတင်ပါတယ်ဗျာ"
"ကျေးဇူးတင်ပါတယ်ဆရာလေး!"
ကလေးတွေထွက်သွားမှ အနားရောက်လာတဲ့မိုးသားက သူ့ကိုစိုက်ကြည့်သည်...
"ဘာတွေဖြစ်နေတာလဲ.."
"ဘာကိုလဲ.."
"မသိဘူးလေ မင်းကြည့်ရတာ ငူငူငိုင်ငိုင်နဲ့...ကျောင်းဆင်းသံချောင်းခေါက်သံကိုမကြားရအောင် ဘာတွေတွေးနေတာလဲလို့"
YOU ARE READING
ဝလုံးလေး
Romanceဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ~~