**Media က သီချင်းလေး အရင်နားထောင်ကြည့်ပေးပါနော်***
"သူနဲ့နှစ်ယောက်ချိန်းတွေ့ရာ~~ ကန်တော်ကြီးစောင်းမှာ ~~ချုံပုတ်ကလေးကို အတင်းဖြဲ နေရာလေးကောင်းလိုက်တာ~~~"
မနက်အစောထ အမေ့ကိုထမင်းကူချက်ပေး၊ ရေနွေးကူတည်ပေး၊ စိုက်ခင်းတွေကိုရေလောင်းပြီးတာနဲ့ မနက်စာထမင်းကြော်ပူပူလေးစားကာ ရေမိုးချိုးထားတဲ့ ဝလုံးက ဒီနေ့ဆိုင်ပိတ်ကာ ဦးတည်နှင့်မြို့ပေါ်လိုက်သွားမည်ဖြစ်သည်...။
မဝတ်တာကြာပြီဖြစ်သော နှုတ်သီးထော်ထော်နဲ့ဘဲအရုပ်ကလေးပါတဲ့ တီရှပ်အဝါရောင်တောက် တောက် ကလေးနဲ့ အနက်ရောင်ဘောင်းဘီတိုလေးဝတ်ထားတဲ့ဝလုံးက သီချင်းလေးညည်းကာညည်းကာဖြင့် အပြင်သွားရမှာမို့ ရွှင်မြူးနေလေသည်...
အဝတ်ဗီရိုက မှန်မှာမြင်နေရတဲ့မျက်နှာဝိုင်းဝိုင်းလေးတွင် ပါးကွက်ကလေးနှစ်ကွက်လိမ်းထားသေးသည်..
သူပြင်ဆင်ပြီးတာနဲ့ ဦးတည်ဆီသွားမည်။ သူ့အတွက်အချိန်တွေပေးပြီး တကူးတကလာလာခေါ်တတ်တဲ့ အကျင့်ကို သိနေ၍ ဦးတည်အံ့ဩသွားအောင် သူကအရင်ဦးတည်အိမ်သွားမည်ဖြစ်သည်..."သူကလက်ကလေးလှမ်းကိုင် ~~ ရင်တုန်သွားခိုက်မှာ ~~ သေနာကျတွေချောင်းကြည့် ~~ အမလေး ရှက်လိုက်တာ~~အဲ ဦးတည်"
ခေါင်းလျှော်ထားတာကြောင့် ရေကောင်းကောင်းမခြောက်သေးတဲ့ ဆံပင်ခွေခွေလေးတွေကို လက်ဖြင့်ဖွကာ အမေတို့ခေတ်ကခပ်ဆန်းဆန်းသီချင်းတစ်ပုဒ်ကိုညည်းရင်း အခန်းပြင်ထွက်လာတဲ့ဝလုံးက ရေနွေးကြမ်းပန်းကန်ကိုလက်ကကိုင်ရင်း သူထွက်လာတာကိုကြည့်နေတဲ့ဦးတည်ကို တွေ့လိုက်ရသည်...
သူလည်းလန့်သွားသလို ဦးတည်ကလည်း သူ့ကိုကြောင်ကြည့်နေသည်... လက်ထဲကရေနွေးခွက်ကို ခုံပေါ်အသာပြန်ချပြီး လှစ်ခနဲပြုံးလိုက်တဲ့ဦးတည်ကြောင့် ဝလုံးနားရွက်ဖျားတွေရဲသွားသည်...
သေလိုက်ပါတော့...အခုတလော အမေဖွင့်နေကျရေဒီယိုမှာလာနေကျ ဂန္တဝင်တေးသွားများအစီအစဉ်က ကြားလိုက်မိတဲ့သီချင်းနဲ့ အမေ့ကို 'စ' နေကျမို့ ပါးစပ်ထဲစွဲသွားတာ...
YOU ARE READING
ဝလုံးလေး
Romanceဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ~~