အပိုင်း(၂၁)

710 40 3
                                    

"ကလေး ကိုယ့်ကိုဆိတ်သားသုပ်လေးတစ်ပွဲလောက်"

"ဟုတ်ကဲ့ဗျ"

"ကလေး ဒီနားကနေထိုးနေလို့ နေရာလေးရွှေ့လို့ရလား..."

"ဪ ဟုတ်ကဲ့ ဒီဘက်ကိုပြောင်းလိုက်ပါဗျ"

"ကလေး သင်္ဘောသီးထောင်းလေး"

"ဟုတ်!"

"ကလေး ဟိုဟာ"

"ဒုန်း!"

ဝလုံးတော်တော်စိတ်အချဉ်ပေါက်လာပြီဖြစ်သည်... လွန်ခဲ့တဲ့ရက်အနည်းငယ်က မြို့မှာနေတဲ့ သူကြီးကတော်၏တူဆိုသည့်သူ ဆိုင်ကိုရောက်ရောက်လာတာကစသည်...

အလုပ်မရှိဘူးလားမသိ... တနေကုန်ဆိုင်မှာထိုင်နေကာ ညနေစောင်းမှပြန်ပြန်သွားတတ်သည်... ဆိုင်ကိုလာတဲ့ဧည့်သည်မို့ အစကပြသနာမရှိပေမဲ့ ထိုလူ၏ ကလေး ကလေးနှင့်ခေါ်သံကို ဝလုံးမကြိုက်ပေ...

ရောက်လာတာနဲ့ အကြည့်စူးစူးတွေက ဝလုံးလုပ်သမျှလိုက်ကြည့်နေတတ်ပြီး မကြည်သလိုကြည့်လိုက်တိုင်းလည်း အပြုံးကြီးကြီးဖြင့်ပြုံးပြတတ်သေးသည်...

"ကလေးအသက်ဘယ်လောက်ရှိပြီလဲဟင် ကိုယ့်ထက်ငယ်မယ်ထင်တယ်"

ခုလည်းဝလုံးအသုပ်သုပ်တဲ့တန်းနဲ့ နီးရာခုံမှာထိုင်ပြီး မေးထောက်ငေးနေတာမို့ စိတ်ကဘယ်လိုမှမကြည်တော့... ဒီလူကဘာဖြစ်ချင်နေတာလဲ...

မကြားဟန်ဆောင်ပြီးမဖြေပဲနေတော့လည်း အကြောင်းအရင်းမရှိ ငေးနေပြန်သည်...

"ကလေးအသားအရည်က ဖြူဝင်းနေတာပဲနော်"

"........"

"အရပ်ကလေးကလည်းပုပုလေး"

"ဘာဗျ!"

ဆောင့်အော်ထည့်လိုက်တာမို့ ထန်းရည်ဝိုင်းကလူတွေအကြည့်က သူတို့ဆီရောက်လာသည်...
နေကပူတာမို့ အသားတွေပါနီစပ်စပ်ဖြစ်နေတဲ့ဝလုံးက သက်ပြင်းချပြီးစိတ်ထိန်းလိုက်သည်...

သူကဧည့်သည် ဧည့်သည်...

"ကိုယ်ကတကယ်ထူးဆန်းလို့ပါ .. ဒီလိုတောတောင်ထဲမှာနေပြီး အသားအရည်ကဖြူဖွေးနေလို့ပါ တစ်မျိုးမထင်ပါနဲ့"

"ဒါတော့လူတိုင်းက သူ့ကုသိုလ်ကံနဲ့သူလာတာပါ မြို့မှာနေပြီး အသားမဲနေတဲ့လူတွေလည်းရှိတာပဲဟာ"

ဝလုံးလေးWhere stories live. Discover now