💔အကြင်နာဆုံးက မုန်းသည့်ဒဏ် 💔
(အပိုင်း၁)
ကျွီ...........
ကျွန်းတံခါးအသစ်ဖွင့်သံက နားထဲစူးရှသွားပြီး ရင်ခုန်နူန်းများပါ မြန်သွားရသည်။ရှေ့က အရပ်ရှည်ရှည်နဲ့သူက တံခါးဘေးရှောင်ပြီး သူမကိုအရင်ဝင်ခိုင်းလေသည်။ သူမလည်း ခေါင်းကလေးငုံ့လျက် အခန်းဆီဝင်လိုက်၏။
ဂျိန်း......
ကျွန်းတံခါးဖွင့်သံက ရင်ခုန်နူန်းကိုမြန်စေသလောက် ပိတ်သံကတော့ လူကိုတုန်လှုပ်ချောက်ချားစေသည်။ လက်ဖျားခြေဖျားတွေက ရေခဲတောင်ပေါ် အင်္ကျီခပ်ပါးပါးဖြင့် လမ်းလျှောက်နေ
သည့်လူလို အေးအေးတောင့်လျက်.....ပန်းနုရောင်များဖြင့် လွှမ်းခြုံထားသော အခန်းလေးနဲ့ သူမတို့နှစ်ဦးရဲ့ဝတ်စုံကလည်း ချယ်ရီပန်းလေးတွေလို ပန်းနုရောင်ကလေးပင်။ ပန်းရောင်ဆိုတာ ချိုမြိန်တဲ့အချစ်ရဲ့colourလို့ ပြောစမှတ်ပြုကြသလို ဦးဆောင်နိဒါန်းနှင့် မခွာညိုခက်တို့ရဲ့
မင်္ဂလာဦးလေးဟာ ပန်းနုရောင်သမ်းနေလေပါတော့သည်။အေးစက်နေတဲ့ လက်ဖဝါးတွေကို နွေးထွေးစွာဆုပ်ကိုင်ပေးဖို့ မျှော်လင့်နေပေမယ့် သူကတော့ ကိုယ့်ဆီမျက်ဝန်းရိပ်ကလေးနဲ့တောင် စေ့စေ့မကြည့်ပါ။ခုတင်ပေါ်လည်းမထိုင် မတ်တပ်ရပ်ပြီး သူ့အသံတည်တည်နှင့် စကားစပြောလာလေသည်။
"ခွာညိုခက်...ဒီအခန်းကို မင်းသုံးလိုက်ပါ.....ငါဟိုဘက်ခန်းယူလိုက်မယ်....မင်း လွတ်လွတ်လပ်လပ်နေပေါ့...."
မျှော်လင့်မထားသည့်စကားတွေကြောင့် သူမရှက်သွေးဖြာနေသည့်မျက်နှာလေးကနေ အရောင်ရင့်လာလေ၏။
သူ သူမအပါးမှကျောခိုင်းထွက်ခွာဖို့ ဟန်ပြင်လိုက်စဥ်..
"ခွာညို..လွတ်လွတ်လပ်လပ်နေရဖို့ အကိုနဲ့မင်္ဂလာဆောင်ခဲ့တာမဟုတ်ဘူး...လူကြီးတွေဆန္ဒဆိုပေမယ့် အကြင်လင်မယားဖြစ်ခဲ့ပြီးမှတော့ ခွာညိုဇနီးမယားတစ်ယောက်ရဲ့တာဝန် အပြည့်အဝကျေချင်တယ်.....အဲဒီ့အတွက် အကိုခွင့်ပြုပေးဖို့ဘဲလိုပါတယ်...."
YOU ARE READING
~အကြင်နာဆုံးက မုန်းသည့်ဒဏ်~
Romance"ငါလက်ထပ်ယူထားရတဲ့ ဇနီးတစ်ယောက်က ငါ့အမုန်းဆုံးမိန်းမတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး" "ဟုတ်လား.... မုန်းလား....မုန်းရင်လည်း ဒီမိန်းမကို သတ်ပစ်လိုက်ပါတော့လား အကို....ဟမ်" "လူကိုသတ်ရင် တစ်ခါဘဲသေတာ စိတ်ကိုသတ်ရင်ဆယ်ခါပြန်သေတယ်" တစ်...