💔 အကြင်နာဆုံးကမုန်းသည့်ဒဏ် 💔
အပိုင်း(၉)
"ရေမွှေးအသစ်ထုတ်ဖို့ကိစ္စက ခွာညိုခက်စီစဥ်ခဲ့တာလား...."
"ဟုတ်ပါတယ် ကိုနိဒါန်း...."
"အခုတော့ ငါကအဲ့ဒီကိစ္စကို ဘယ်လိုလုပ်ရမှာလည်း...."
"ကျွန်တော်လည်းမသိဘူး...."
"မင်းက သူ့အတွင်းရေးမှုးမဟုတ်ဘူးလား....."
သူ အလုပ်အတွက်စိတ်ဖိစီးမှုမှန်သမျှကို အတွင်းရေးမှုးကောင်းမွန် အပေါ်သာ ပုံချနေမိတော့သည်။ တကယ်တော့ သူ့မှာလည်း အပြစ်မရှိပါ.....။
သူမ လုပ်နိုင်တာကို သူမလုပ်နိုင်တာကြောင့်
ပိုလို့ဒေါသထွက်နေရ၏။ ခံပြင်းမိ၏။ဆေးပညာမှာ ဆရာတစ်ဆူဖြစ်သလောက် ဒီမှာကျ
ဘာမှမစဥ်းစားနိုင်လောက်အောင်ကို ခေါင်းရှုပ်လှသည်။သူ စိန်ခေါ်မိတာ မှားပြီလား.....ဒီမိန်းမကိုတော့လွယ်လွယ်နှင့်အရှုံးမပေးချင်...။
မနေ့ညကဖြစ်ခဲ့သော စိတ်ဆန္ဒတွေကြောင့် ပန်းချီ့ကိုလည်း အားနာမိသေး၏။ဒါပေမယ့် သူ့ရင်ထဲမှာပန်းချီဘဲရှိသည်။
ခွာညိုခက်နှင့် ကိုယ်အားဖြင့် သူပတ်သတ်ချင် ပတ်သတ်မည်
ဆိုပေမယ့် နှလုံးသားကတော့ပါမှာမဟုတ်.....ဒါကို သူကိုယ်တိုင်သိသည်။ ကိုယ့်ကိုကိုယ်လည်း
အာမခံထားသည်။တရားဝင်ယူထားရသော မိန်းမဖြစ်သည်မို့ တချို့ကိစ္စများကို
သူမရှောင်နိုင်ပေမယ့်လို့ အချစ်ကိုတော့ ထိုမိန်းမဆီအပ်နှင်းဖို့ ရည်ရွယ်ချက် မရှိပါ။မုန်းသည်......သူတို့ပိုင်ဆိုင်သမျှကို ခြယ်လှယ်ချုပ်ကိုင်ချင်သောမိန်းမ.......သူ့ပန်းချီရဲ့အမှတ်တရတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့မိန်းမ
ငါ့အမုန်းက မင်းအပေါ်အများကြီး မထိခိုက်ရင်တောင် မင်း တငွေ့ငွေ့နဲ့လောင်ကျွမ်းစေဖို့ ငါ မျှော်လင့်တယ်.............
"ဒါပြီးရင် ဘာလုပ်ဖို့ရှိလည်း...... "
ကောင်းမွန် စိတ်ညစ်ပေမယ့် အတတ်နိုင်ဆုံးကြိုးစားပြီး
နေနေရသည်။ရုတ်တရက်ကြီးရောက်လာပြီး ဦးစီးမယ်ဆို၍ အခုတော့ ဘာဆိုဘာမှနားလည်တာလည်းမဟုတ်.........
YOU ARE READING
~အကြင်နာဆုံးက မုန်းသည့်ဒဏ်~
Romance"ငါလက်ထပ်ယူထားရတဲ့ ဇနီးတစ်ယောက်က ငါ့အမုန်းဆုံးမိန်းမတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး" "ဟုတ်လား.... မုန်းလား....မုန်းရင်လည်း ဒီမိန်းမကို သတ်ပစ်လိုက်ပါတော့လား အကို....ဟမ်" "လူကိုသတ်ရင် တစ်ခါဘဲသေတာ စိတ်ကိုသတ်ရင်ဆယ်ခါပြန်သေတယ်" တစ်...