💔အကြင်နာဆုံးက မုန်းသည့်ဒဏ် 💔
အပိုင်း(၁၀)
ကော်ဖီနှစ်ခွက်အား မှာလိုက်သည်။
"ဘာဖြစ်လို့ပန်းချီတို့အိမ်သွားလို့မရတာလည်း....."
"ကြည်ဖြူ့အဖေက ဆိုးလို့ မမပန်းချီတို့အိမ်ကလက်မခံတာပါ..
ဦးလေးနဲ့အဒေါ်က ညည်းအဖေရှိနေသ၍ ငါတို့အိမ်မလာခဲ့နဲ့လို့ပြောထားလို့""အော်....အဲ့ဒါကြောင့်လား...."
"ဟုတ်ကဲ့..... အဖေကတကယ်လည်း သူတို့ပြောသလို
ဆိုးတယ်အကို......အခုလည်းအဖေလောင်းကစားလုပ်လို့ အကြွေးတွေတင်နေတာ.....ကြည်ဖြူတို့မှာရှိသမျှတွေလည်း အဖေဖြုန်းပစ်လို့ကုန်ပြီ..........""ဒီလိုဆိုတော့ မင်းအဖေကတော်တော်ဆိုးဆိုးဘဲ....အန်ကယ်တို့ကအဲ့လောက်ထိ စိတ်ထားသေးသိမ်တဲ့သူတွေမဟုတ်ဘူး...."
ပန်းချီနဲ့ချစ်သူဖြစ်စဥ်ကာလအတွင်းရော.... ပန်းချီဆုံးပြီးသည့်အချိန်တွေမှာပါ သူ ပန်းချီတို့အိမ်ကို နေ့တိုင်းနီးပါးသွားခဲ့သည်။
သူ့ကို ဘယ်အခြေအနေမျိုးမှာမဆို လက်ခံတဲ့မိသားစုပါ....
စိတ်သဘောထားလည်းပြည့်ဝရှာသည်။ပန်းချီဆုံးတာ
မကြာသေးဘဲ သူလက်ထပ်မည်ဆိုတော့လည်း
အထင်သေးရှုံ့ချတာမျိုးမရှိဘဲ သူ့မင်္ဂလာပွဲကိုတောင်
တက်ရောက်ချီးမြှင့်ကြသေးသည်။ပန်းချီကိုယ်တိုင်က စိတ်ထားကောင်းမှတော့ သူ့ကိုမွေးထုတ်ထားတဲ့မိဘတွေက ပိုလို့တောင်မှပေါ့.......
သူ့မှာ လက်ထပ်ပွဲကြောင့် ရှက်ရွံ့မှုတွေနှင့်နူတ်ဆက်တာတောင် "သား ..မေ့သင့်တဲ့သူကို မေ့ပြီး ချစ်သင့်တဲ့သူကိုချစ်ရမယ်"ဟု
တဖွဖွမှာကြားခဲ့ကြသေးသည်။အခုဒီကောင်မလေးအဖေကို သေခန်းပြတ်သဘောမျိုး
လုပ်တာဟာ ဒီတစ်ဖက်က တော်တော်ဆိုးလို့သာဖြစ်ပေလိမ့်မည်။ကြည်ဖြူဆိုသောကောင်မလေးရဲ့ စကားပြောဟန်ဆိုဟန်တွေက ပန်းချီနဲ့တကယ့်ကိုတူတာဘဲ......
ပန်းချီနှင့်ရှိခဲ့တဲ့အချိန်တွေကိုတောင် သူ့မှာ ပြန်အမှတ်ရမိနေ၏။
YOU ARE READING
~အကြင်နာဆုံးက မုန်းသည့်ဒဏ်~
Romance"ငါလက်ထပ်ယူထားရတဲ့ ဇနီးတစ်ယောက်က ငါ့အမုန်းဆုံးမိန်းမတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး" "ဟုတ်လား.... မုန်းလား....မုန်းရင်လည်း ဒီမိန်းမကို သတ်ပစ်လိုက်ပါတော့လား အကို....ဟမ်" "လူကိုသတ်ရင် တစ်ခါဘဲသေတာ စိတ်ကိုသတ်ရင်ဆယ်ခါပြန်သေတယ်" တစ်...