Part-8

1.2K 60 1
                                    

💔အကြင်နာဆုံးက မုန်းသည့်ဒဏ် 💔

အပိုင်း(၈)

အကို့ဆီကရသမျှဟာ ရက်စက်မှုနှင့်နာကျင်မှုတွေချည်းဘဲ...

သူ့ထံပါးမှ မုန်းသည်ဆိုသောစကားလုံးများကို
မကြားချင်တာနှင့်ဘဲ ခွာညို သူ့အား မျက်နှာလွှဲလိုက်သည်။
ဒါပေမယ့် သူကအလှည့်မခံဘဲ ခွာညို့ပခုံးကို ဆွဲလိုက်ရင်း..


"ဒါကဘယ်လဲ....ခွာညိုခက်... ငါ့စကားမဆုံးသေးဘူး..."




"ဘာလဲ.... အကိုဘာတွေထပ်ပြောဦးမလို့လည်း....မုန်းတယ် သေလောက်အောင်မုန်းတယ်.....ဒါတွေဘဲအက်ကြောင်းထပ်နေမှာဘဲမဟုတ်လား....အဲ့လိုဆိုရင်တော့ အကိုမပြောနဲ့တော့
ခွာညို့ကိုသိပ်မုန်းတာ ခွာညိုသိတယ်......"



"ငါပြောမယ့်စကားကို သေချာနားထောင်... မင်း မနက််ဖြန်ကစပြီး company သွားစရာမလိုတော့ဘူး"




"ဟမ်....."


"အဟက်...သိပ်ဝမ်းနည်းသွားသလား....လက်ဝါးကြီးအုပ်မယ့်
အစီအစဥ်ပျက်သွားပြီဆိုတော့...."




သူပြောတဲ့သဘောက ခွာညိုကဘဲ သူတို့ပိုင်ဆိုင်မှုတွေကို
လက်ဝါကြီးအုပ်တယ်ပေါ့......

ခွာညို့နေရာကို တစ်စက္ကန့်လေးတောင် ဝင်မကြည့်ပေးဘဲ
ပြောထွက်ရက်လိုက်တာ........


"အကို ဘာကိုပြောချင်တာလည်း...ခွာညိုက lilyကို လက်ဝါကြီးအုပ်နေတယ်လို့ဆိုလိုတာလား"


အကိုက ကြောက်စရာကောင်းအောင်ထပ်ပြုံးသည်။ အရင်ကစွဲလမ်းခဲ့ရသော သူ့အပြုံးတွေဟာ အခုတော့လန့်စရာ
ကောင်းနေ၏။ သူကအပြုအမူနဲ့ရော စကားလုံးတွေနဲ့ပါ ခွာညို့ကိုထိုးနှက်နေခဲ့တာ.........




"မင်းကိုယ်မင်းသိမှာပေါ့....မင်းစိတ်ထဲမှာ ဘာတွေကြံရွယ်နေလည်းမှမသိတာ......."


ခွာညိုဒေါသကို အကိုကအရှိန်မြှင့်ပေးလာသည်။ ကိုယ့်စေတနာတွေက အရာမထင်တာကြောင့် သူ့ကို ပြန်ပြောချင်စိတ်တွေဟာလည်း အဆုံးအစွန်ထိရောက်လို့လာ၏။



"တော်ပြီနော်...ခွာညို့စေတနာကို လာမစော်ကားနဲ့.....Lily Group ကိုဦးစီးခဲ့တာကလည်း မမကြီးရဲ့ ဆန္ဒအရဘဲ...
အကို့ကို လက်ထပ်ခဲ့တာလည်း မမကြီးကြောင့်ဘဲ......ခွာညိုကအကို့ကို လက်ထပ်ပါရစေ...Lily Group ကိုဦးစီးပါရစေဆိုပြီးတောင်းဆိုခဲ့တာမဟုတ်ဘူး.....တစ်ယောက်ထဲ မောင်ပိုင်စီးချင်တဲ့ဆန္ဒ လုံးဝမရှိခဲ့ဘူး.....
.ခွာညို အဲ့သလောက်အောက်တန်းမကျဘူး..........."




~အကြင်နာဆုံးက မုန်းသည့်ဒဏ်~Where stories live. Discover now