Part-2

1.4K 36 3
                                    

အကြင်နာဆုံးက မုန်းသည့်ဒဏ်...... 💔

{အပိုင်း-၂}



"သံပုရာရည်သောက်လိုက်ဦး..... အကို...."



"ကျေးဇူးဘဲ...ခွာညိုခက်...ငါရေချိုးပြီးမှသောက်လိုက်တော့မယ်"


"ညဘဲနက်နေပြီ.....ရေချိုးဦးမလို့လား....ကိုယ်လက်သန့်ရှင်းရေးဘဲလုပ်လိုက်ပါလားဟင်...ခွာညိုစိတ်ပူလို့ပါ...."





"ရတယ်....ဒီအချိန်က ငါရေချိုးနေကြပါ....မင်းအိပ်နှင့်လိုက်...."




"ဟုတ်ကဲ့...."





ခွာညို ဒီ့ထက်ပိုပြီးအထွန့်မတက်ရဲပါ....ဒါတောင်အခု
တော်တော်လေးကိုပြောရဲဆိုရဲဖြစ်လာသည်ဟု ပြောရလိမ့်မည်။ ဟိုးအရင်ကဆို အကိုနဲ့တွေ့ရင် ခေါင်းမော့မကြည့်ရဲသလို စကားလည်းမများရဲပါ....




သူရေဝင်ချိုးနေတုန်း ခွာညိုအခန်းကိုညအိပ်မီးလေးဘဲ
ပြောင်းခဲ့ကာ ဝရန်တာက သစ်ခွပင်တွေဆီ ခြေဦးတည့်မိသည်။ သစ်ခွပန်းကို အကိုကြိုက်တယ်ဆိုတာ စသိတဲ့နေ့ ခွာညိုလည်းသစ်ခွပန်းတွေကို မြတ်နိုးတတ်သွားခဲ့ပြီ.....။ ဒါ့ကြောင့် ခွာညို့ရဲ့ဒီနှစ်ထပ်တိုက်ကလေးမှာ သစ်ခွပင်တွေ ဝေနေအောင်စိုက်ပျိုးပြီး ခြံထဲမှာလည်းအမိုးစိမ်းလေးနဲ့သစ်ခွတစ်မျိုးတည်းကိုသာ ဦးစားပေးစိုက်ခဲ့သည်။





ဖော့လေးနဲ့ အရွက်လေးတွေကို ဖုန်လိုက်သုတ်ပေးလိုက်သည်။ သစ်ခွပင်ဟာ ဒီအရွက်လေးတွေရဲ့ တစ်ရှူးဆဲလ်တွေကနေတဆင့် အသက်ရှုရှင်သန်ရတာမဟုတ်လား....




အပင်တွေအားလုံးသန့်ရှင်းပြီးနောက်မှာ တစ်နေ့လုံးမင်္ဂလာပွဲမှာပင်ပန်းထားခဲ့ရသမျှ အိပ်စက်ခြင်းနှင့် အနားယူချင်ပြီ.......အကိုဟာ သူ့နှလုံးသားရဲ့စေစားရာအတိုင်း နေလာခဲ့သူမို့ မင်္ဂလာဦးညကို သူဥပေက္ခာပြုမှာ ခွာညိုသိပါတယ်လေ....




ကိုယ်တွေလက်တွေကိုက်ခဲပြီး အရမ်းအိပ်ချင်နေတာမို့
နှစ်ယောက်အိပ်မွေ့ရာပေါ်တက်ကာ ခွာညိုအနားယူလိုက်သည်။




ဂျလောက်....




သူရေချိုးပြီးထွက်လာတော့ ခွာညိုခက်က ခုတင်ပေါ်မှာအိပ်မောကျနေပြီဖြစ်၍ အဝတ်ဗီဒိုရှေ့မှာဘဲ သူအဝတ်အစားလဲလိုက်သည်။ သူမပင်ပန်းရသလို သူလည်းမပျော်ပါဘဲ ပြုံးပြနေရတာအတော်ပင်ပန်းပြီ...မမကြီးရဲ့တောင်းဆိုမှုကြောင့်သာမဟုတ်ရင် သူမချစ်မနှစ်သက်တဲ့ဒီမိန်းကလေးကို သူလက်ထပ်မှာမဟုတ်ပေ။





~အကြင်နာဆုံးက မုန်းသည့်ဒဏ်~Where stories live. Discover now