Part-4

1.5K 65 8
                                    

💔အကြင်နာဆုံးက မုန်းသည့်ဒဏ်💔

အပိုင်း(၄)



"CEO.... ကျွန်တော် CEOရဲ့ဖုန်းကိုခေါ်နေတာ ခေါ်မရလို့..."


company ရှေ့မှာ ကြိုပြီးထွက်စောင့်နေသော ကိုကောင်းမွန်က ခွာညိုသွားသည့်ခြေလှမ်းအတိုင်း ဘေးမှအမှီလိုက်ကာ အကျိုးအကြောင်းပြောပြနေလေ၏။



"ဟုတ်တယ် ကိုကောင်းမွန်...ခွာညိုဖုန်းက အကို့ဆီမှာမို့...
သူသိမ်းသွားတာ....."



"ဒါဆို ကိုဦးဆောင်နိဒါန်းရဲ့ဆေးရုံကိုသွားခဲ့တာပေါ့.....
CEOရဲ့ကားကရော....."



"အကို့ကားနောက်ကို ကျွန်မအမှီလိုက်တာ.... ဆေးရုံရှေ့မှာဘဲပျက်သွားလို့ ပြင်စရာနဲ့ထားခဲ့ရတယ်.....ဒါနဲ့ ရှယ်ယာရှင်တွေရောက်နေပြီလား"



"ဟုတ်ကဲ့ ရောက်နေပါပြီ..... CEOပေါ်မလာသေးလို့
ဆူညံနေကြတယ်"



"ဟုတ်ပ ကျွန်မလည်းတကယ့်နေ့မှဘဲ ကိစ္စတွေကဖြစ်သွားတာ
Meeting roomကိုဘဲ အရင်ဆုံးသွားကြရအောင်"



"ဟုတ်ကဲ့...... "


Lily -Cloud companyမှ
ဝန်ထမ်းတွေက သူမလာသည်နှင့် လမ်းမှာ
ရှောင်မိသောသူတိုင်း ဦးညွှတ်၍နူတ်ဆက်ကြလေသည်။ သူမခေါင်းငြိမ့်ကာ ပြန်လည်တုန့်ပြန်ရင်း Meeting roomရှိရာ တတိယထပ်သို့ ဓာတ်လှေကားဖြင့်တက်လာခဲ့၏။



လက်ကနာရီကိုကြည့်လိုက်တော့ အစည်းအဝေးစမည့်အချိန်ထက် အများကြီးကျော်လွန်လို့နေလေပြီ.......ရှယ်ယာရှင်တွေ
စိတ်ဆိုးချင်လည်းဆိုးစရာပေါ့....သူမဘဝမှာ meeting နောက်ကျဖူးတာ ဒီတစ်ခါသာရှိ၏။


ထုတ်ကုန်အသစ်တစ်မျိုးအတွက် စည်းရုံးရေးဆင်းရမည့်နေမှဘဲ
နောက်ကျရသည်။ ဒါ အကိုသက်သက်ညစ်တာ........
.ခွာညို အလုပ်များတာ အရေးကြီးတာသိရဲ့သားနဲ့.......


Meeting Roomထဲသို့ သူမဝင်လိုက်သောအခါ ဆူညံသံတွေရပ်သွားကြပြီး ပြန်ဖို့ထနေကြသူတွေ ပြန်ထိုင်ကြကုန်၏။



"အားလုံးကို တောင်းပန်ပါတယ်...လမ်းမှာကျွန်မကား ပျက်နေလို့နည်းနည်းနောက်ကျသွားတယ်"


~အကြင်နာဆုံးက မုန်းသည့်ဒဏ်~Where stories live. Discover now