အကြင်နာဆုံးက မုန်းသည့်ဒဏ် 💔
အပိုင်း(၃)
"မင်းဒီနေ့ ငါနဲ့ဆေးရုံကိုလိုက်ခဲ့ပေး...."
Breakfast စားနေတုန်း အကိုကပြောလာလေသည်။ ခွာညို့မျက်ဝန်းတွေကို ဘယ်တော့မှတည့်တည့်ကြည့်မပြောတတ်တဲ့ အကိုစရိုက်က ပြောင်းလဲလို့မသွားပါချေ
..."ခွာညို ဒီနေ့မအားဘူး အကို....ရှယ်ယာရှင်ဆွေးနွေးပွဲရှိတယ်...ပြီးတော့ လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းဖို့ လက်မှတ်ထိုးစရာရှိတယ်....အကို့ကိစ္စက အရမ်းအရေးကြီးလို့လားဟင်..."
ဒါန်း ကြက်ဥပေါင်မုန့်ကြော်ကို ခက်ရင်းဖြင့်ထိုးစားနေရာမှ ရပ်လိုက်ကာ....
"ငါ့ဆေးရုံက ဝန်ထမ်းတွေက မင်းကိုတွေ့ဖူးချင်တယ်ပြောလို့..."
"မင်္ဂလာဆောင်တုန်းက သူတို့တွေ့ဖူးပြီးသွားပြီလေ အကိုရဲ့"
"အဲဒါ့ ဆရာဝန်တွေ နပ်စ်တွေလေ အခုကသန့်ရှင်းရေးဝန်ထမ်းတို့ နပ်စ်အကူတို့ကိုပြောတာ."
"သြော်...အကိုရယ် အောက်ခြေဝန်ထမ်းတွေကိုများ...."
သွားပြီ ခွာညို့စကားမှားသွားပြီ....ပြောချင်တဲ့သဘောက
အဲ့လိုမဟုတ်ပါ....အကို့ရဲ့ စူးခနဲကြည့်လိုက်တဲ့ အကြည့်ကြောင့်
စကားပြောမှားသွားမှန်းသိရ၍
ပြန်ပြင်ပြောဖို့ကြံလိုက်စဥ်မှာဘဲ..."အောက်ခြေဝန်ထမ်းဆိုတာလည်း....ငါ့ဝန်ထမ်းဘဲ...မင်းကနိမ့်ကျမယ်ထင်လို့ လိုက်မတွေ့ချင်ရင်လည်း မင်းသဘော...."
လွှတ်ခနဲထွက်သွားသည့်စကားကြောင့် အကိုအထင်လွဲသွားပြီ....ခွာညိုဘယ်လိုရှင်းရပါ့မလည်း...
"ဟို ခွာညိုကလေ...အဲဒီ့လိုသဘော...."
"ငါဗိုက်ဝပြီ....ခွာညိုခက်.ငါဆေးရုံသွားတော့မယ်..."
ဒါန်း ထိုစားပွဲဝိုင်းကနေ စိတ်မြန်လက်မြန်ဖြင့် ထလာခဲ့မိလိုက်သည်။ ဒီကောင်မလေးကို မမကြီးကအလိုလိုက်ထားတော့ အခုဘဝမေ့ပြီး ဘဝင်လေဟပ်နေပြီပေါ့. ငါလိုချင်တာမင်းလိုဇနီးမျိုးမဟုတ်ဘူး ခွာညိုခက်...မင်းလိုမဟုတ်ဘူး
YOU ARE READING
~အကြင်နာဆုံးက မုန်းသည့်ဒဏ်~
Romance"ငါလက်ထပ်ယူထားရတဲ့ ဇနီးတစ်ယောက်က ငါ့အမုန်းဆုံးမိန်းမတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး" "ဟုတ်လား.... မုန်းလား....မုန်းရင်လည်း ဒီမိန်းမကို သတ်ပစ်လိုက်ပါတော့လား အကို....ဟမ်" "လူကိုသတ်ရင် တစ်ခါဘဲသေတာ စိတ်ကိုသတ်ရင်ဆယ်ခါပြန်သေတယ်" တစ်...